မိုးရွာသွန်းမှုကြောင့် ဟုမ္မလင်းမြို့နယ် အောက်တောင်ပေါ်ရွာကျောင်းဆောင် မြေကျွံကျ

ဟုမ္မလင်း ၅ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် ဇူလိုင် ၃ ရက်မှစတင်၍ ယနေ့ထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၄ ရက်ညက ဟုမ္မလင်းမြို့နယ် အောက်တောင်ပေါ်ရွာ အထက်တန်းကျောင်းခွဲ၊ ဆရာ/ဆရာမများနေသည့် အဆောင် မြေကျွံကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါမြေကျွံကျမှုကြောင့် ကျောင်းဆောင်နှစ်ဆောင်မှာလည်း တိုင်ခြေမြေကျွံကျခဲ့ပြီး နှစ်စဉ်နှစ်တိုင်း မိုးသည်းထန်းစွာရွာလျှင် ကျွံကျမှုများ ဖြစ်နေသည်ဟု သိရသည်။

 

အဆိုပါမြေကျွံကျမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

 

လင်းလင်း(ပြန်/ဆက်)

 

mdn