မကွေးမြို့နယ်၌ ဆိုင်ကယ်ခိုးယူလာသူအား ဖမ်းဆီးအရေးယူထား

နေပြည်တော်   ၂၃ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်က လှည့်ကင်းဆောင်ရွက်စဉ် ရန်မျိုးအောင်ရပ်ကွက်၊ ပြည်တော်သာလမ်းနှင့် ခွာညိုလမ်းထောင့်ရှိ ပွဲစားတန်းအရောက်တွင် JOHSON 110 ဆိုင်ကယ်အား စီးနင်းလာသူ ပွင့်ဖြူမြို့နယ်၊ သမင်ခြံကျေးရွာနေ စိုးရဲလင်း(ခ)စိုင်းထက်(၁၉)နှစ်အားမသင်္ကာ၍ စစ်မေးရာ ၎င်းမောင်းနှင်လာသည့် ဆိုင်ကယ်နှင့် ပတ်သက်၍ ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံ တစ်ရာပြသနိုင်ခြင်းမရှိသဖြင့် စိုးရဲလင်း(ခ)စိုင်းထက်အား မကွေးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

(ရဲပြန်ကြား)