မကွေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပျက်စီးမှုဖြစ်ပွား

မကွေး ၂၇ မေ

 

 

မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ယနေ့ ညနေ ၅ နာရီခွဲခန့်က လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များ အမိုးလန်ခြင်းနှင့် သစ်ပင်ပြိုလဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မကွေးမြို့နယ် မြစ်သာစည်ကျေးရွာတွင် ဘုန်းကြီးကျောင်း တစ်ကျောင်း၊ နေအိမ်တစ်လုံး အမိုးလန်ပျက်ဆီးခဲ့ပြီး ငွေစမ်းရောင်ကျေးရွာတွင် အမိုးလန်နေအိမ် တစ်လုံး၊ ကွေ့ချောင်း(တ) ကျေးရွာတွင် ပြိုလဲနေအိမ် တစ်လုံး၊ အမိုးလန်နေအိမ် သုံးလုံးနှင့် ရွာလယ်ဓမ္မာရုံ အမိုးလန်ပျက်ဆီးကာ၊ လယ်ယားကျေးရွာအုပ်စု လယ်ယား(မ)ကျေးရွာတွင် နေအိမ်တစ်လုံးပြိုလဲပြီး နေအိမ်သုံးလုံး အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ လေဘေးသင့်နေအိမ်များမှ အိမ်ထောင်စုများအား သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျေးရွာပြည်သူများက ပြန်လည်ပြုပြင်နိုင်ရေး ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

သန်းနိုင်ဦး(ငဖဲ)