မက္ကဆီကိုမှာ ရာဇဝတ်မှုနဲ့ ဆက်စပ်နေတဲ့ လူသေလောင်း ၂၉ လောင်း ထပ်မံတွေ့ရှိ

၁၄ ဇန်နဝါရီ

 

မက္ကဆီကိုနိုင်ငံရဲ့ အနောက်ပိုင်းရှိ ဂူဒါလာဂျာရာ မြို့ရှိ မြေတွင်းတစ်ခုအတွင်းမှ လူသေ ၂၉ လောင်းကို တနင်္လာနေ့ ထပ်မံတွေ့ရှိကြောင်း ဒေသခံတာဝန်ရှိသူတွေက ပြောကြားပါတယ်။ အခုတွေ့ရှိတဲ့ အလောင်းတွေထဲမှ လေးလောင်းဟာ လူပျောက်တိုင်ထားတဲ့အတွက် ရှာဖွေနေသူများ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

 

+6

 

လူသေတွေ မြုပ်နှံထားတဲ့ နေရာဟာ ဂျာလစ်ကို လို့ အမည်ရှိပြီး အဲဒီနေရာဟာ ရာဇဝတ်မှုတွေနဲ့ ဆက်နွယ်တဲ့ နေရာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် နိုင်ဝင်ဘာက စပြီး ဂျာလစ်ကို မှာ အနည်းဆုံး လူသေ ၈၀ လောင်း ကိုလည်း တွေ့ရှိပြီး ဖြစ်ပါတယ်။

 

အခုတွေ့ရှိတဲ့ မြေတွင်းနဲ့ ပေ ၂၆၀ အကွာရှိ မြေတွင်းတစ်ခုထဲတွင် အနည်းဆုံး လူသေ ၅၀ လောင်းကို ပြီးခဲ့ ဒီဇင်ဘာလအတွင်းမှာ တွေ့ရှိခဲ့သလို နိုဝင်ဘာလတွင်လည်း အဲဒီနေရာ အနီးတဝိုက်ရှိ နောက်ထပ် မြေတွင်းတစ်ခု အတွင်းမှ လူသေ ၃၁ လောင်းကို တွေ့ရှိပြီးဖြစ်ပါတယ်။

 

69

 

ပြီးခဲ့တဲ့ နိုဝင်ဘာလက ဂျာလစ်ကို ဒေသမှာ ပြန်ပေးဆွဲခံရသူ လူရှစ်ဦးကို တာဝန်ရှိသူတွေက ကယ်ဆယ် လိုက်နိုင်ပြီး လက်နက်များနဲ့အတူ လူ ၁၅ ဦး ဖမ်းဆီးထားကြောင်း သိရပါတယ်။

 

ဂျလစ်ကိုဒေသတွင် ၂၀၁၉ ဇန်နဝါရီ မှ နိုဝင်ဘာအတွင်း လူပေါင်း ၂,၅၀၀ နီးပါး အသတ်ခံခဲ့ရကြောင်း အမှုဖွင့်ထားပါတယ်။ အဲဒီနေရာမှာ Jalisco Nueva Generacion လို့ခေါ်တဲ့ ရာဇဝတ်အဖွဲ့ ကျင်လည်ကြောင်း ဒေသအာဏာပိုင်တွေက အတည်ပြုပြောကြားပါတယ်။

 

9

 

MDN

ကိုးကား-AFP