မက္ကဆီကိုနိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအစီအစဉ်မှာ ပါဝင်လာ

၂၆ စက်တင်ဘာ

မက္ကဆီကိုနိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကို ကျောထောက်နောက်ခံပြုထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအစီအစဉ် Covax မှာ ပါဝင်မယ်လို့ သောကြာနေ့က ထုတ်ပြန်ကြေညာပါတယ်။

Covax အစီအစဉ်ဟာ ကမ္ဘာ့ဆင်းရဲတဲ့နိုင်ငံတွေအား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရရှိရေး အစီစဉ်ဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကနေ ၂၀၂၁ ခုနှစ်အကုန်မှာ အစွမ်းထက်တဲ့ ကာကွယ်ဆေး ၂ ဘီလီယံကို ကမ္ဘာ့နိုင်ငံတွေအား ဖြန့်ဖြူးသွားနိုင်ရေးကို ဦးတည်ထားကြောင်း သိရပါတယ်။

မက္ကဆီကိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ရောဂါပိုးကြောင့် သေဆုံးသူ ၇၅,၀၀၀ ကျော်ရှိတဲ့အတွက် ကမ္ဘာမှာ အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ နောက်မှ သေဆုံးသူ စတုတ္ထအများဆုံးနိုင်ငံ ဖြစ်ပါတယ်။

Covax အစီအစဉ်ဟာ ဝင်ငွေနည်းပါတဲ့ ဆင်းရဲတဲ့ နိုင်ငံ ၉၂ နိုင်ငံအတွက် ကာကွယ်ဆေး ရရှိနိုင်ရန် ရန်ပုံငွေ အခက်အခဲဖြစ်နေပါတယ်။ အစီအစဉ်အတွက် ဉရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၂၇ နိုင်ငံအပါအဝင် ချမ်းသာတဲ့ နိုင်ငံ ၆၄ နိုင်ငံမှ ငွေကြေးလှူဒါန်းမယ်လို့ ဒီသီတင်းပတ်အတွင်းမှာ ကြေညာခဲ့ပါတယ်။

MDN

ကိုးကား - AFP