ကွာလာလမ်ပူ ဩဂုတ် ၈
မလေးရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၆၈၄ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ ရောဂါကူး စက်ခံရသူပေါင်း ၄၇၀၅၈၂၄ ဦး ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ယအမန်နေ့က သတင်းထုတ်ပြန်သည်။
ရောဂါ ကူးစက်ခံရသူများ အနက် ငါးဦးသည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသူများ ဖြစ်ပြီး ကျန် ၄၆၇၉ ဦးသည် ဒေသတွင်းကူးစက်ခံရသူများ ဖြစ်သည်။
ထို့ပြင် လွန်ခဲ့သော ၂၄ နာရီ အတွင်း ၁၁ ဦးထပ်မံသေဆုံးသည့်အတွက် အဆိုပါ ရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၃၆၀၂၀ ရှိကြောင်း သိရသည်။
သို့သော် လူနာ ၄၂၇၅ ဦး ရောဂါမှ ပြန်လည်ကျန်းမာလာခဲ့သည့်အတွက်ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသူပေါင်း ၄၆၂၂၉၀၀ ရှိကြောင်း သိရသည်။
လက်ရှိတွင် ပိုးတွေ့ဆဲလူနာ ၄၆၉၀၄ ဦးရှိပြီး ယင်းတို့အနက် ၅၆ ဦးသည် ရောဂါပြင်းထန်စွာ ခံစားနေရပြီး ၃၅ ဦးသည် အသက်ရှူအထောက်အကူပြု ကိရိယာများ တပ်ဆင်ထားရသည်။
လက်ရှိအချိန်အထိ ပြည်သူ ၈၆ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအနည်းဆုံး တစ်ကြိမ် ထိုးနှံပေးပြီးဖြစ်သည်။ ၈၄ ဒသမ ၁ ရာခိုင်နှုန်းသည် ကာကွယ်ဆေး အပြည့်အဝထိုး နှံမှုခံယူပြီးဖြစ်ပြီး ၄၉ ဒသမ ၆ ရာခိုင်နှုန်းသည် ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်