​​​​​​​မြန်အောင်တာမိုင် ၆/၃ အနီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုကာကွယ်ရန် ဆောင်ရွက်လျက်ရှိ

မြန်အောင်    ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ မြန်အောင်တာမိုင် / အနီး ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုကာကွယ်ရန် ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်အောင်မြို့နယ် မကျီးစု ကမ်းထိန်းလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ၂၀၁၇ -၂၀၁၈ ခုဘဏ္ဍာနှစ်တွင် အုန်းတိုင်စိုက် Steel Basket အခြေပြု ကွန်ကရစ်ကျောက်ပြားကပ်တမံ ပေ (၉၀၀) ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်အောင်မြို့ အမှတ်()ရပ်ကွက် မကျီးစု မြန်အောင် တာမိုင်(/)အနီး ဧရာဝတီမြစ်ကမ်းဘေး ကမ်းထိန်းလုပ်ငန်း အုန်းတိုင်စိုက် Steel Basket အခြေပြု ကွန်ကရစ်ကျောက်ပြားကပ်တမံ အလျား ပေ ၁၂၀ အခြေထိန်းနှစ်တန်းသွား အုန်းတိုင်စိုက်ရေကာ အလျား ပေ ၅၅၀ နှင့် ကမ်းပါး ထိန်းမျောကရစ် တည်ဆောက်ခြင်း (Slope Polyfelt) အုပ်ခြင်း၊ Steel Cable Groyne အလျား ပေ ၁၅၀ ၁၄ ခု ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ သိရှိရသည်။

ယခုနှစ် ဇူလိုင်လအတွင်း ဧရာဝတီမြစ်ရေ တက်လာစဉ် မြန်အောင်တာမိုင် / အနီး ကမ်းပါးထိန်းမျောကရစ်တည် ဆောက်ပြီး(Slope Polyfelt)အုပ်ထားသော နေရာတွင် ကမ်းပြိုမှုဖြစ်ပေါ်လာသောကြောင့် ယမန်နေ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်၊ ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းတို့ကကွင်းဆင်း ကြည့်ရှုစစ် ဆေးခဲ့ကြပြီး ကမ်းပြိုမှု ဆက်လက်မဖြစ်ပွားစေရန် အရေးပေါ်ကာကွယ်ရေးလုပ်ငန်း (Floating Unit ပေ ၄၀၀ ) လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံမှ သိရှိရသည်။

မြန်အောင်မြို့ မကျီးစု မြစ်ကမ်းထိန်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် အုန်းတိုင်စိုက် Steel Basket အခြေပြု ကွန်ကရစ်ကျောက်ပြားကပ်တမံ အလျား ပေ (၄၀၀) မြန်အောင် မကျီးစုပန်းခြံတွင် ဘိုးပိုင်အခြေပြု ကွန်ကရစ်ကျောက်ပြားကပ်တမံ ပေ (၂၀၀) ဆောင်ရွက်ရန် လျာထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်ထံမှ သိရသည်။

ဝင်းဗိုလ် မြန်အောင် ပြန်/ဆက်

 

20200702_120049