မင်းဘူး-မင်းလှ ကားလမ်းတွင် အောက်တိန်း ဂါလန် (၃၆၀ဝ) တင်ဆောင်လာသော ဆီသယ်ယာဉ်(၁)စီးတိမ်းမှောက်မှုဖြစ်ပွား

မင်းလှ ၁၈ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ညောင်ပင်သာရွာအနီး၊ မင်းဘူး-မင်းလှ ကားလမ်းတွင် ယနေ့ မွန်းလွဲ ၁ နာရီခန့်က အောက်တိန်း ဂါလန် (၃၆၀ဝ) တင်ဆောင်လာသော ဆီသယ်ယာဉ် (၁)စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့  မင်းလှမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးလောင်မှုမဖြစ်ပွားစေရန် သွားရောက် ကူညီဆောင်ရွက်လျက်ရှိကြောင်းနှင့်  အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

MDN   

ဓာတ်ပုံ- Myanmar Fire Services Department