မင်းဘူးခရိုင်တွင် ထိုင်းနိုင်ငံမှ လူဉီးရေ  ၁၀၇ ဦး ပြန်လည်ရောက်ရှိ

မင်းဘူး ၂၇ မတ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြသော လူဉီးရေ ၁၀၇ ဦးအား မင်းဘူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းဆောင်များတွင် ၁၄ ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်မှု (Home Quarantine)ကို ဆောင်ရွက်ပေးထားလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်က ထိုင်းနိုင်ငံ မဟာချိုင်မြို့၊ နန်မကျင်းစားသောက်ကုန်စက်ရုံမှာ အလုပ် လုပ်ပါတယ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ ၂၃ ရက် ည ၈ နာရီအချိန်က စတင်ထွက်လာ ခဲ့ပါတယ်။ မြန်မာနိုင်ငံ၊ မြဝတီမြို့ကို ၂၄ ရက် နံနက် ၈ နာရီခွဲအချိန်က ရောက်ရှိပါတယ်။ မြဝတီမြို့စစ်ဆေးရေးဂိတ်မှာ ကျွန်တော်လိုပဲ ပြန်လည်ရောက်ရှိလာတဲ့သူအားလုံး ဆေးစစ် ဆေးမှုခံယူပြီးတော့ ၂၄ ရက်နေ့ ည ၁၀ နာရီမှာ မြဝတီမြို့မှထွက်လာပြီး မကွေးမြို့ကို ၂၄ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ရောက်ရှိပါတယ်။ မကွေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးစစ်ဆေးမှုခံယူပြီး မင်းဘူးမြို့ အ.ထ.က(၁)ကျောင်းရှိ ၁၄ ရက်ကြာ သီးသန့်နေထိုင် စောင့်ကြည့်မှု စခန်းသို့ရောက်ရှိလာပါတယ်။ ကျွန်တော်မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိ လာတော့ ကျွန်တော်တို့အားလုံးအတွက် အစားအသောက်၊ နေရေးထိုင်ရေးကအစ ယခုလို အစစအရာအရာ ကူညီဆောင်ရွက်ပေးခဲ့ကြသော နိုင်ငံတော်အစိုးရ၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်” ဟု ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသူ မင်းဘူး (စကု)မြို့နယ်၊ ကုန်းသာကျေးရွာမှ ဦးနိုင်ဝင်းက ပြောပါသည်။

 

‌ေ

 

မင်းဘူးမြို့ အ.ထ.က (၁)ကျောင်းအတွင်း၌ မတ် ၂၅ ရက်မှ မတ် ၂၆ ရက်အထိ ထိုင်းနိုင်ငံမှ နေရပ်သို့ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း ၁၀၇ ဦးတို့အား ၁၄ ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည်မှု (Home Quarantine) ကို ညအိပ်ထားရှိမည်ဖြစ်ကာ မင်းဘူးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ဝန်ထမ်းများက နေ့စဉ်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် မင်းဘူးခရိုင်၊ ရဲတပ်ဖွဲ့ဝင် များနှင့် မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

‌ေ

 

အဆိုပါ ပြန်လည်ရောက်ရှိလာသူများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။     

မောင်မောင်(မင်းဘူး)