မင်းဘူးမြို့၌ ကိုရိုနာဗိုင်းရပ်စ် (COVID -19) ရောဂါကူးစက်မှုမှကာကွယ်ရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မင်းဘူး ၂၇ မတ်         

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ကိုရိုန်ဗိုင်းရပ်စ်(COVID-19) ရောဂါကူးစက်မှုမှ ကာကွယ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက ဖြန့်ဝေအသိပညာပေးခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင် ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ကျန်းမာရေးမှူးဦးလှိုင်မျိုးကျော် ဦးဆောင်ပြီး ကျန်းမာရေးဌာနမှ သူနာပြုဆရာမများစုပေါင်း၍ ရပ်ကွက်များ၊ အိမ်ထောင်စုများ၊ ဈေးဆိုင်များ၊ ဈေးအတွင်းနှင့် ရုံးဌာနများ၊ လမ်းသွားလမ်းလာများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေလျက်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်သောအားဖြင့် မင်းဘူးမြို့ ရပ်ကွက်နှင့် ကျေးရွာအတွင်းသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထားသည့်အတိုင်း ရောဂါကာကွယ်ရေးအတွက် စနစ်တကျလက်ဆေးခြင်း နှာခေါင်းစည်းများ တပ်ဆင်ခြင်းဖြင့် ရောဂါကုသခြင်းထက် ကာကွယ်ခြင်းကပိုမိုထိရေက်ကြောင်းနှင့် နိုင်ငံခြားမှ ပြန်လည်ရောက်ရှိသူများရှိပါက ကျန်းမာရေးဌာနသို့ ဆက်သွယ်သတင်းပို့ခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇေယျာထက် (မင်းဘူး)