မင်္ဂလာဒုံ၊ တာချီလိတ်နှင့် လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၄ ဇူလိုင် 

 

မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၃ ရက် နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်း၊ သာစည်လမ်းတွင် မသင်္ကာဖွယ် ရပ်တန့်ထားသော ခရီးသည်တင်ယာဉ်ကိုရှာဖွေရာ ယာဉ်မောင်း စောသိန်းလင်းကျော်၊ ယာဉ်နောက်လိုက် အောင်နိုင်ဦးနှင့် အောင်ဖြိုးဦး တို့အားတွေ့ရှိရပြီး ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၄,၅ဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီတွင် အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း၊ မြောင်းမြလမ်းတွင် ဝင်းလွင်၊ မလှအေးနိုင် (ခ) မနိုင်နိုင်တို့အား Honda Fit အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့နှင့်လည်းကောင်း၊ ဆက်လက်၍ ည ၉ နာရီတွင် ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ၊ မင်္ဂလာရပ်ကွက်နေ ပိုင်ဦးအား ၎င်း၏ နေအိမ်တွင် လက်ကိုင်ဖုန်းတစ်လုံးနှင့် လည်းကောင်း၊ ဆိုက်ခေါင်ကျေးရွာ၊ ကန့်တန်ရပ်ကွက်နေ မမြတ်မွန်ဦးအား လက်ကိုင်ဖုန်းတစ်လုံး၊ မင်္ဂလာရပ်ကွက်နေ ခွန်သိန်းထူးလေး (ခ) သိန်းထူးအား လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

အလားတူ ယင်းနေ့ နံနက် ၉ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ စခန်းသာကျေးရွာနေ မအားမီ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၁၂၆ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

 

ထို့အတူ ယင်းနေ့ ညနေပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ ရေပူစမ်း ကျေးရွာ၏ အနောက်ဘက်ရှိ တောင်ခြေ၌ ငွေကျပ်သိန်း ၃,၄၅ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀,၀၀၀ ကိုလည်းကောင်း။  

 

အလားတူ ယင်းနေ့ ညပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ်၊ နားဖကျေးရွာအနီး၊ လားရှိုး-မိုင်းယော်သွားကားလမ်းတွင် နော်ဆန်း(ခ)မာနော် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း၊ ည ၈ နာရီခန့်တွင် ထိန်းလွန်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၈,၀၀၀၊ မြန်မာငွေကျပ် ၃၅,၀၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

 

ရဲပြန်ကြား