မွန်ဂိုလီးယားတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ လေးဦး တွေ့ရှိ

၁၃ ဩဂုတ်

 

 

မွန်ဂိုလီးယား နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ လေးဦး တွေ့ရှိရာ ကူးစက်ခံရသူ စုစုပေါင်း ၂၉၇ ဦးအထိ ရှိလာကြောင်း မွန်ဂိုလီးယား ကူးစက်ရောဂါဆိုင်ရာ အမျိုးသားစင်တာ (NCCD) က ယနေ့ ပြောကြားခဲ့သည်။

 

 

NCCD စောင့်ကြည့်လေ့လာရေးဌာန အကြီးအကဲ အာမာဂျာဂယ် က နိုင်ငံတစ်ဝှမ်းတွင် ယမန်နေ့က လူ ၄၈၇ ဦးကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ၎င်းတို့အနက် လေးဦးမှာ ရောဂါကူးစက် ခံရသည်ကို တွေ့ရှိခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားသည်။

 

 

အဆိုပါ ထပ်မံကူးစက် ခံရသူများအနက် နှစ်ဦးမှာ ဩဂုတ် ၁၁ ရက်နေ့က စင်းလုံးငှား လေယာဉ်ဖြင့် ချက်သမ္မတနိုင်ငံမှ နေရပ်ပြန်လာသော မိုဂိုနိုင်ငံသားများ ဖြစ်ပြီး အခြားနှစ်ဦးမှာ ရုရှားနိုင်ငံမှ နေရပ်ပြန်လာသော မွန်ဂိုနိုင်ငံသားနှစ်ဦး ဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

 

မွန်ဂိုလီးယား နိုင်ငံရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အတည်ပြု လူနာများတွင် အများအားဖြင့် ရုရှားနိုင်ငံမှ ပြန်လာသူများ ဖြစ်ကြောင်း ထိုဌာန၏ ပြောကြားချက်အရ သိရသည်။

 

 

ကူးစက်ခံရပြီးနောက် ပြန်လည် ကျန်းမာရေး ကောင်းမွန်လာသူ ၂၆၉ ဦး ရှိသော်လည်း ဒေသတွင်း ကူးစက်မှုများ သို့မဟုတ် ကူးစက်ခံရမှုကြောင့် သေဆုံးမှုများ မရှိကြောင်း ဖော်ပြထားသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို