မြင်းခြံမြို့နယ်၏ မဲဆန္ဒရှင်စာရင်းကို  ပုံစံ(၃) ဖြင့် လျှောက်ထားသူ ၅၁၀  ရှိ

မြင်းခြံ    ၅  ဩဂုတ်

၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာ ၈ ရက်တွင် ကျင်းမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို မြင်းခြံမြို့နယ်အတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် ထုတ်ပြန်ကြေညာထားရာ ဩဂုတ် ၄ ရက်အထိ မြင်းခြံမြို့နယ်တွင် မဲစာရင်းမပါသဖြင့် ပုံစံ(၃) ဖြင့် လာရောက်လျောက်ထားသူ (၅၁၀) ရှိပြီဖြစ်ကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ထို့အပြင် မဲစာရင်းတွင် မပါသင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက်ကန့်ကွက်သူ (၂၃၇) ဦး၊ မဲစာရင်း တွင် အချက်အလက်မှားယွင်းသဖြင့် ပုံစံ(၄-ဂ) နှင့် ပြင်ဆင်ရန် လာရောက်လျှောက်ထားသူ ၄၅၁ ဦးရှိပြီး ဩဂုတ် ၇ ရက်တွင် မဲဆန္ဒရှင်စားရင်းများကို ပြန်လည်ပြုစုကာ ဒုတိယအကြိမ် မဲစာရင်း ထုတ်ပြန်ကြေညာ ရာတွင် မှန်မှန်ကန်ကန်ဖြင့် မဲပေးသူမကျန်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် ပြီးပြည့်စုံသည့်မဲစာရင်းဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြင်းခြံမြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်ဌေးဝင်းက ပြောသည်။

မြင်းခြံမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ယနေ့အချိန်ထိ မဲစာရင်းများအရ မဲရုံပေါင်း(၂၇၆) ရုံဖြင့် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၂ သိန်း ၂ သောင်းကျော်ထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။                                               

ကျော်စွာ(မြင်းခြံ)