မင်းလှမြို့ ဝက်လှကြီးကျေးရွာအနီး ယာဉ်တိမ်းမှောက်

မင်းလှ  ၂၄   ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ၊  ဝက်လှကြီးအုပ်စု၊ ဝက်လှကြီးကျေးရွာအနီးတွင် ဇန်နဝါရီ ၂၃ ရက် ည ၇ နာရီခွဲချိန်က ယာဉ်တစ်စီးတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း မင်းလှမြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်-ပြည်ကားလမ်းမ အတိုင်း မိုင်တိုင်အမှတ်(၉၄/၂) နှင့် (၉၄/၃) အကြားတွင် ပြည်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)  မောင်းနှင်လာသောယာဉ်သည် အရှိန်မထိန်း နိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်သွားပြီး ယဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် သွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှ အမှုကို စစ်ကွင်းနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)