မင်းလှမြို့၏ အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာ ဗဟိုပြု၍ ၃ ဒသမ ၃ အဆင့်ရှိ မြေငလျင်လှုပ်

နေပြည်တော်  ၂၈ မေ

ယနေ့ နံနက် ၆ နာရီ ၂၂ မိနစ် ၄၂ စက္ကန့်တွင် နေပြည်တော်မြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၇၅) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းလှမြို့၏ အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၉.၉၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၉၈)ဒီဂရီ၊ အနက်(၃၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

MDN