မင်းပြားမြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းများရှိ အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေပေးအပ်

မင်းပြား  ၁၆  စက်တင်ဘာ 

 

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းရှိ တိုက်ပွဲရှာင်စခန်းများအတွင်း ရောက်ရှိခိုလှုံနေ ကြသော အိမ်ထောင်စုဝင်များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၁  နာရီက အဆိုပါ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးသန်းထွန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦး စီးမှူး ဦးစန်နီ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့် မြို့နယ်ကြက်ခြေနီများ ပါဝင်သောအဖွဲ့သည် မင်းပြားမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် စခန်းများ ဖြစ်သော နရန်းရွာကြီးဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၊ ကျွန်းတောကျေးရွာအုပ်စု ရွှေဖောင် တောရွာသစ်၊ ပုညရာမကျောင်းတိုက်၊ သေကန်ကျေးရွာ၊ အမ်းသားကျေးရွာ၊ သဌေးကုန်း ကျေးရွာ၊ ပုလဲပေါက်ကျေးရွာ၊ အိုင်ဝန်းကျေးရွာ၊ ဓညဝတီကျေးရွာ၊ မြရတနာ ကျေးရွာ၊ ရွှေကျန် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဝါးတောင်ကျေးရွာ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်း ၁၄ ခုတွင် လာရောက်ခိုလှုံ နေထိုင်လျက်ရှိကြသည့် အိမ်ထောင်စု ၉၁၅ စုရှိ လူဦးရေ ၃၅၄၁ ဦးအတွက် အိမ်ထောင်စု တစ်စုအလိုက် တစ်အိမ်ထောင်လျှင် ၄၀ဝ၀ဝ ကျပ်နှုန်းဖြင့် စားသောက်ကုန်များ ဝယ်ယူရန်အတွက် ထောက်ပံ့ငွေကျပ် ၃၆၆၀ဝ၀ဝ၀ နှင့်နှာခေါင်းစည်းများ၊ ဂေါ်ဇီလာဆပ်ပြာ တောင့်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19) Economice Relife Plan အရထောက်ပံ့ငွေများကို မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရှိရသည်။

             

ခင်မောင်ထွန်း(ပြန်/ဆက်)