မန်ကန်မြို့တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မန်ကန်  ၁၆  စက်တင်ဘာ 

 

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့တွင် ပြည်တွင်းကူးစက်မှုများ မြင့်တက်လနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မန်ကန်မြို့ရှိ ဌာဆိုင်ရာများပူးပေါင်း၍ မန်ကန်မြို့အဝင်ဂိတ်မှ ဖြတ်သန်း သွားလာသူများအား  ပါးစပ်၊ နှာခေါင်းစည်းများအား ဝေငှတပ်ဆင်ပေးခြင်း၊ လက်ကိုမကြာခဏ ဆေးရန် အသိပညာပေးခြင်းနှင့် အပူချိန်တိုင်းတာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။  

 

ကျော်ဇင်ထက် (ပြန်/ဆက်)