မြန်မာ MMA ကစားသမား ထီရယ်လ်ထန်၏တွဲဆိုင်းပါဝင်မည့် ပြိုင်ပွဲကို ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပမည်

ရန်ကုန်၊ ၂၄  ဇန်နဝါရီ

မြန်မာ MMA ကစားသမား ထီရယ်လ်ထန်၏တွဲဆိုင်းပါဝင်မည့် ပြိုင်ပွဲကို ဖေဖော်ဝါရီ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။ ONE Championship က စီစဉ်သည့်  Unbreakable III အမည်ရပြိုင်ပွဲတွင် ထီရယ်လ်ထန်၏တွဲဆိုင်း ပါဝင်လာခြင်းဖြစ်သည်။

ONE Championship သည် ၂၀၂၁ ခုနှစ်တွင် ပြိုင်ပွဲများကို ယခုလကတည်းက စတင်ကျင်းပနေခြင်းဖြစ်ပြီး ပထမဆုံးပြိုင်ပွဲကို ဇန်နဝါရီ ၂၂ ရက်က ကျင်းပခဲ့ကာ ဒုတိယပြိုင်ပွဲကို ဇန်နဝါရီ ၂၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။ ထီရယ်လ်ထန်၏ပွဲစဉ်မှာ တတိယမြောက်ပြိုင်ပွဲဖြစ်သည့် ဖေဖော်ဝါရီ ရက်တွင်ကျင်းပမည့်ပြိုင်ပွဲတွင် ပါဝင်လာခြင်းဖြစ်သည်။ ထီရယ်လ်ထန်သည် ONE Championship နှင့် ၂၀၁၉ ခုနှစ်တွင် စတင်လက်တွဲခဲ့ပြီး ယင်းနှစ်တွင် နှစ်ပွဲထိုးသတ်ခဲ့ရာ နှစ်ပွဲစလုံး အနိုင်ရခဲ့သည်။ ထီရယ်လ်ထန်သည် ၂၀၁၉ ခုနှစ် မတ်လတွင် ရန်ကုန်မြို့၌ကျင်းပသည့်ပြိုင်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသား ဆာရော့သ်ကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် မလေးရှားနိုင်ငံ၌ကျင်းပသည့်ပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသား ကင်ဝမ်ကွမ်ကိုလည်းကောင်း အနိုင်ရခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲများထိုးသတ်ရခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်မှ ပြန်လည်ထိုးသတ်ရခြင်းဖြစ်သည်။

မြန်မာနာမည်ကြီး MMA ကစားသမား အောင်လအန်ဆန်သည် ထီရယ်လ်ထန်နှင့်အတူ စင်ကာပူနိုင်ငံသို့ ရောက်ရှိနေပြီး ပြိုင်ပွဲအတွက် ပြင်ဆင်ရာတွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ -ONE Championship