မြန်မာ့စီးပွားရေးဘဏ်(ထားဝယ်ခရိုင်ဘဏ်ခွဲ) အဆောက်အအုံသစ်ဖွင့်ပွဲ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်

ထားဝယ်   ဇန်နဝါရီ   ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အာဇာနည်လမ်း၊ အစိုးရအဖွဲ့ရုံးအနီးရှိ (ယခင်)မြန်မာ့စီးပွားရေးဘဏ် (ထားဝယ်ခရိုင်ဘဏ်ခွဲ) နေရာတွင် အဆောက်အအုံသစ်ဖွင့်ပွဲကို ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမြတ်ကို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းနှင့် မြန်မာ့စီးပွားရေးဘဏ် တိုင်းဒေသကြီး မန်နေဂျာ ဒေါ်ရီရီခိုင်တို့က မြန်မာ့စီးပွားရေးဘဏ် (ထားဝယ်ဘဏ်ခွဲ) အဆောက်အအုံသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက အဆောက်အအုံသစ် ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးပြီး အဆောက်အအုံအား လှည့်လည်ကြည့်ရှုကြသည်။

မြန်မာ့စီးပွားရေးဘဏ် (ထားဝယ်ဘဏ်ခွဲ) အဆောက်အအုံသစ်ကို PTC ကုမ္ပဏီက ဆောက်လုပ်ခဲ့ပြီး RC နှစ်ထပ် ၃၅ ပေ × ပေ ၇၀ အကျယ်အဝန်းရှိကာ ငွေကျပ် ၁၆၅၇၄၄၀၀၀ ကုန်ကျကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)