မြန်မာနိုင်ငံအတွင်း ပြည်ထောင်စုလမ်းမကြီးများ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရန် အဆင့်မြှင့်တင်နိုင်ခဲ့ပြီ

ကိုတင့်(မြို့ပြအင်ဂျင်နီယာ)

 

(ယမန်နေ့မှ အဆက်)

 

ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်း

ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ ဆက်သွယ် ထားသော ရန်ကုန်-ပုသိမ်လမ်းမကြီးသည် လမ်းအရှည် ၁၁၃ မိုင် ၂ ဖာလုံ ရှိပါသည်။ ရန်ကုန်မြို့မှ ပုသိမ်မြို့နှင့် ချောင်းသာ၊ ငွေဆောင်ဒေသများသို့ ယာဉ်သွားလာမှု များပြားလာသောကြောင့် ရန်ကုန်- ပုသိမ် လမ်းကို လမ်း/တံတားများ တိုးချဲ့ပြီး အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ပါသည်။

 

ရန်ကုန်တိုင်း ဒေသကြီးအပိုင်းတွင် မိုင်တိုင်(၅/၄ - ၇/၄)အထိ ၄၈ ပေအကျယ် ကွန်ကရစ်လမ်းနှင့် မိုင်တိုင် (၇/၄-၁၇/၄)အထိ ၃၆ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်၍ Oriental Highway Co., Ltd. က BOT စနစ်ဖြင့် ဆောင်ရွက်ကြောင်း သိရှိရသည်။ ရန်ကုန်-ပုသိမ် လမ်း ဧရာဝတီတိုင်းဒေသကြီး နယ်စပ် မိုင် (၁၇/၄)မှ ဗိုလ်မြတ်ထွန်းတံတား မိုင်တိုင် (၄၁/၃)အထိ လမ်းအရှည် ၂၃/၇ မိုင်ကို မူလ ၂၄ ပေအကျယ် ကတ္တရာလမ်းမှ ပေ ၃၀ အကျယ် ကွန်ကရစ်လမ်းအဖြစ် ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာန ခရိုင်၊ မြို့နယ်နှင့် လမ်းအထူးအဖွဲ့များက ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

ကွန်ကရစ်လမ်းအသစ်နှင့် လမ်းပခုံး၊ မြေကြီးတာပေါင်များ ကြံ့ခိုင်မှုရှိစေရန် အတွက် သံမဏိပြားပိုင်တိုင် (Steel Sheet Piles)များ ရိုက်ခြင်းကိုလည်း ဆောင်ရွက် ကြောင်း သိရှိရသည်။ အဆိုပါ လမ်းပိုင်းရှိ တံတားငယ်များကိုလည်း မူလ ၂၄ ပေ အကျယ်မှ လေးလမ်းသွားကားလမ်းအကျယ် ရရန် ၅၂ ပေအကျယ် တံတားချဲ့ခြင်းလုပ်ငန်း များကို တံတားဦးစီးဌာနက ဆောင်ရွက် ကြောင်း သိရသည်။ ပုသိမ်မြို့အထိ ကျန်ရှိနေသည့် မိုင်တိုင် ၄၁/၃ မှ ၁၁၃/၂ အထိ ကတ္တရာလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ ချေးငွေရယူ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိ ရသည်။

 

ရန်ကုန်-ပုသိမ်လမ်းသည် အရှေ့- အနောက် စီးပွားရေးစင်္ကြံလမ်းမကြီး၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ပုသိမ်မှ တစ်ဆင့် ချောင်းသာ၊ ငွေဆောင်၊ ငရုတ် ကောင်း ပင်လယ်ကမ်းခြေများသို့ သွားရောက်နိုင်မည် ဖြစ်သည်။ ရန်ကုန်-ပုသိမ်လမ်းမကြီး အဆင့်မီဖြစ်ပေါ်လာခြင်း ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

 

ရန်ကုန်-မြဝတီ အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီး

ရန်ကုန်-သီလဝါအထူးစီးပွားရေးဇုန်မှ ကရင်ပြည်နယ် မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းသို့ ဆက်သွယ်ထားသော ရန်ကုန်-ပဲခူး-ကျိုက်ထို-သထုံ-ဘားအံ-မြဝတီ လမ်းမ ကြီးသည် အာရှလမ်းမကြီး အမှတ်(၁) (AH-1)နှင့် အရှေ့-အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီး ဖြစ်သည်။ သီလဝါနှင့် မြဝတီ ဆက်သွယ်ရာတွင် ခရီးတိုပြီး ပိုမိုမြန်ဆန် ရန်အတွက် ၆၂ ကီလိုမီတာ အရှည်ရှိသည့် ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ ချေးငွေရယူပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းလမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား (ကျိုက်ထို) လေးလမ်းသွား တံတားသစ် တည်ဆောက်ရန် ဂျပန်နိုင်ငံ JICA ODA Loan မှ ချေးငွေရယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ပဲခူး-ကျိုက်ထို-သထုံ-ဘားအံ လမ်းပိုင်း ကို ရွှေသံလွင်ကုမ္ပဏီက BOT စနစ်ဖြင့် လေးလမ်းသွား နိုင်လွန်ကတ္တရာလမ်း အဆင့် အထိ တိုးမြှင့်တည်ဆောက်ပြီးဖြစ်သည်။ ဘားအံ-မြဝတီလမ်း ဘားအံမြို့မှ အိန္ဒုလမ်းဆုံ အထိလမ်းပိုင်းကို အေးကိုမိသားစုဆောက်လုပ် ရေးအဖွဲ့က ၂၄ ပေအကျယ် နိုင်လွန်ကတ္တရာ လမ်းအဖြစ် BOT စနစ်ဖြင့် ဆောင်ရွက် ထားသည်။ အိန္ဒု-ကော့ကရိတ်လမ်းပိုင်း(၆၆ ကီလိုမီတာ)ကို အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ရယူ၍ ၁၀ မီတာအကျယ် နှစ်လမ်းသွား ကတ္တရာ လမ်းကြီးအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်ပြီး နိုင်ငံတကာတင်ဒါစနစ်ဖြင့် ရွေးချယ်ထားသည့် (China Road and Bridge Corporation - CRBC) တရုတ်နိုင်ငံကုမ္ပဏီကအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

 

၂၀၂၁ ခုနှစ်အတွင်း အိန္ဒု-ကော့ကရိတ် လမ်း နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ပြီးစီးမည်ဖြစ်ပါသည်။ ရန်ကုန်-မြဝတီလမ်း မိုင် ၂၈၀ အတွင်း လမ်း/တံတားများ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့်သော်လည်းကောင်း၊ နိုင်ငံ တကာအဖွဲ့အစည်းများမှ ချေးငွေရယူ၍ သော်လည်းကောင်း၊ နိုင်ငံသားပုဂ္ဂလိက လုပ်ငန်းရှင်များက BOT စနစ်ဖြင့်သော် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ရန်ကုန် မှ မြဝတီအရောက် ရှစ်နာရီဖြင့် ခရီးပေါက် ခဲ့ပြီဖြစ်သည်။

ရန်ကုန်-ပဲခူး-ကျိုက်ထို-သထုံ-ဘားအံ-မြဝတီလမ်း အရှေ့- အနောက်စီးပွားရေး စင်္ကြံလမ်းမကြီးကို အသုံးပြုပြီး မဟာမဲခေါင် ဒေသတွင်းနိုင်ငံများဖြစ်သော ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်တော့မည် ဖြစ်သည်။ သီလဝါအထူးစီးပွားရေးဇုန်နှင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းတို့ ချိတ်ဆက်၍ ကုန်စည်များ ပို့ဆောင်နိုင်တော့မည် ဖြစ်သည်။ ရန်ကုန်-သထုံ-ဘားအံ-မြဝတီ လမ်းမကြီးတစ်လျှောက်ရှိ ဒေသခံပြည်သူ များအတွက် စားဝတ်နေရေး အဆင်ပြေ လာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာတော့မည်ဖြစ်သည်။

 

ရန်ကုန်-ပဲခူး-သထုံ-မော်လမြိုင်လမ်းနှင့် မော်လမြိုင်-ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်း

ရန်ကုန်-ပဲခူး-သထုံ-မော်လမြိုင်လမ်း နှင့် မော်လမြိုင်- ရေး- ထားဝယ်- မြိတ်- ကော့သောင်းလမ်းတို့သည် မြန်မာနိုင်ငံ အောက်ပိုင်းရှိ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံဒေသအသီးသီးတို့ကို ဆက်သွယ် ပေးထားသော အဓိကလမ်းမကြီးများဖြစ်ပါ သည်။ ရန်ကုန်- ပဲခူး-သထုံ-မော်လမြိုင်လမ်း ပဲခူး(ဘုရားကြီး)လမ်းဆုံမှ မော်လမြိုင်အထိ လမ်းအရှည် ၁၂၈ မိုင်ကို BOT စနစ်ဖြင့် ရွှေသံလွင်ကုမ္ပဏီက လေးလမ်းသွားနိုင်လွန် ကတ္တရာလမ်း အဆင့်တိုးမြှင့်ဆောင်ရွက် လျက်ရှိသည်။ မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့မှ ရေး(မလွှဲတောင်) အထိ လမ်းအရှည် ၁၁၅ မိုင် ၄ ဖာလုံ ရှိသည်။

 

မော်လမြိုင်မှ သံဖြူဇရပ်အထိ ၃၇ မိုင် ကို အေးကိုမိသားစုကုမ္ပဏီက BOT စနစ် ဖြင့် ၂၄ ပေအကျယ် နိုင်လွန်ကတ္တရာလမ်း အဆင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ မွန်ပြည်နယ် လမ်းဦးစီးဌာနက ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်မှစတင်၍ မူလကတ္တရာ လမ်းအဆင့်မှ ၂၄ ပေအကျယ် နိုင်လွန် ကတ္တရာလမ်းအဆင့် တိုးမြှင့်ဆောင်ရွက် လျက်ရှိရာ သံဖြူဇရပ်မှ ရေး (မလွှဲတောင်) အထိ လမ်းအရှည် ၅၇ မိုင် ၄ ဖာလုံ နိုင်လွန် ကတ္တရာခင်းပြီးကြောင်း သိရသည်။ မော်လမြိုင်မှ ရေး(မလွှဲတောင်) အထိ လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန် လာသည်ဖြစ်၍ မွန်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှု စီးပွားဘဝ တိုးတက်လာပြီ ဖြစ်သည်။ ယင်း လမ်း သံဖြူဇရပ်အနီး မိုင်တိုင် ၄၇/၀ မှ ထိုင်းနိုင်ငံနယ်စပ် ဘုရားသုံးဆူမြို့သို့ ဆက်သွယ်ထားသော လမ်းအရှည် ၆၃/၄ မိုင်ရှိ သံဖြူဇရပ်- ဘုရားသုံးဆူလမ်း ရှိသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့၊ ကရင်ပြည်နယ် အစိုးရအဖွဲ့တို့မှ ခွင့်ပြုရန်ပုံငွေများဖြင့် သံဖြူဇရပ်- ဘုရား သုံးဆူလမ်း တိုးတက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

အပ့ြျိ

 

မော်လမြိုင်-ရေး(မလွှဲတောင်)-ထားဝယ်-မြိတ်-ကော့သောင်းလမ်း

တနင်္သာရီတိုင်းဒေသကြီး အတွင်း ဖြတ်သန်းသွားသော မော်လမြိုင်-ရေး (မလွှဲတောင်)-ထားဝယ်-မြိတ်-ကော့သောင်း လမ်းသည် ရေး(မလွှဲတောင်)မှ ကော့သောင်း အထိ လမ်းမိုင်အရှည် ၅၀၃ မိုင် ၃ ဖာလုံ ရှိသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ ဆောက်လုပ်ရေးဝန်ကြီးဌာန တနင်္သာရီ တိုင်းဒေသကြီး လမ်းဦးစီးဌာန ခရိုင်/မြို့နယ်လမ်းအဖွဲ့များ၊ လမ်း/တံတားအထူး အဖွဲ့များက လမ်း/တံတား တိုးတက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ်အထိ တိုးတက်မှုများအနေဖြင့် ၂၄ ပေအကျယ် နိုင်လွန်ကတ္တရာလမ်း ၁၂၉ မိုင်၊ ကွန်ကရစ်လမ်း ၄၃ မိုင်နှင့် ကတ္တရာလမ်း ၃၃၁/ ၃ မိုင် အဆင့်မြှင့်တင် ဆောင်ရွက် ပြီးဖြစ်သည်။

ကလိန်အောင်တံတား၊ သမုတ် လွတ်လွတ်တံတား၊ တနင်္သာရီတံတားနှင့် ပုလုံးတုံးတုံးတံတားတို့ကိုလည်း အခိုင်အမာ တံတားကြီးများအဖြစ် တည်ဆောက် ပြီးဖြစ်သည်။ ၂၀၁၆ ခုနှစ် မတိုင်မီက ထားဝယ်မှ ကော့သောင်းသို့ ကားဖြင့်သွား ပါက နှစ်ညအိပ်ခရီးခန့် သွားလာခဲ့ရပါ သည်။ ယခုအခါ ထားဝယ်မှ ကော့သောင်း သို့ ယာဉ်မောင်းချိန် ၁၂ နာရီခန့်ဖြင့် ခရီးသွား ပြည်သူများ သွားလာနိုင်ကြပြီဖြစ်သည်။

ါ့ျ်ိျ

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး လမ်းများ ဖောက်လုပ်ခြင်း

တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ် ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ထားဝယ် (SEZ)- မေတ္တာ-ထီးခီး-ဖူနာရွမ် (ထိုင်းနယ်စပ်)လမ်းအရှည် ၁၃၈ ကီလိုမီတာ ကို နှစ်လမ်းသွား နိုင်လွန်ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ရန် ထိုင်းနိုင်ငံ NEDA အဖွဲ့က ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံ ချေးငွေ ရယူပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက လုပ်ငန်းတင်ဒါခေါ်ယူ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။ မြိတ်-တနင်္သာရီ-မောတောင်လမ်းသည် မြိတ်မြို့ နယ်နှင့် မောတောင်နယ်စပ် ဆက်သွယ်ထား သော မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်း ဖြစ်သည်။

 

လမ်းအရှည်သည် ၁၁၃ မိုင်ရှိပြီး တနင်္သာရီ-သဲဖြူ-မောတောင်လမ်းပိုင်း ၆၉ မိုင်ကို မြိတ်အများပိုင်ကော်ပိုရေးရှင်းက BOT စနစ်ဖြင့် လမ်းအဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိသည်။ မြိတ်-မောတောင်နယ်စပ် ကုန်သွယ်ရေးလမ်းမှ ထိုင်းနိုင်ငံသို့ တနင်္သာရီ တိုင်းဒေသကြီးမှထွက်သော ရေထွက်ပစ္စည်း များကို လွယ်ကူစွာ ပို့ဆောင်ရောင်းဝယ်နိုင်ခြင်း ကြောင့် ဒေသခံပြည်သူများအတွက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေပါသည်။ မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး တောင်ဘက် အစွန် ဆုံးရှိ ကော့သောင်းခရိုင် ပြည်ကြီးမဏ္ဍိုင် မြို့နယ် မြိတ်-တနင်္သာရီ-ကော့သောင်းလမ်းမှ ထိုင်းနိုင်ငံ နယ်စပ်သို့ လေညာ-ရတနာပုံလမ်း နယ်စပ်ကုန်သွယ်ရေးလမ်းကို ၂၀၁၆-၂၀၁၇ ခုနှစ်မှစတင်၍ ဖောက်လုပ်လျက်ရှိသည်။

 

လမ်းအရှည်မှာ ၃၆ မိုင် ၆ ဖာလုံရှိပြီး ထိုင်း နိုင်ငံနယ်စပ်နှင့်ဆက်သွယ်ရာတွင် အတိုဆုံး လမ်းဖြစ်သည်။ လေညာ-ရတနာပုံ နယ်စပ် ကုန်သွယ်ရေးလမ်းပြီးစီးပါက တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက် နိုင်ပြီး လူမှုစီးပွားရေးဘဝများ ပိုမိုတိုးတက် လာမည် ဖြစ်သည်။

 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ပြည်ထောင်စုလမ်းများဖောက်လုပ်ပေး

နိုင်ငံတော်အစိုးရအဖွဲ့၏ လမ်းညွှန်ချက် နှင့်အညီ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် နိုင်ငံအတွင်း လမ်း/တံတား များကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိသည်။ ရန်ကုန်မြို့၊ နေပြည်တော်နှင့် မန္တလေး မြို့တို့မှ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့တော်များသို့ ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီးများကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့သည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ တို့နှင့် ဆက်သွယ်ထားသော စီးပွားရေးစင်္ကြံ လမ်းမကြီးများ၊ အာရှလမ်းမကြီးများ၊ နယ်စပ် ကုန်သွယ်ရေးလမ်းများကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ အဓိကလမ်းမကြီး များပေါ်ရှိ မြစ်ကူး၊ ချောင်းကူးတံတားကြီးများ ကိုလည်း နိုင်ငံတော်အစိုးရအနေဖြင့် အသစ် တည်ဆောက်ပေးလျက်ရှိသည်။

 

ဘညမ

၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့မှုများ

ဝန်ကြီးဌာန၏ အဆောက်အအုံ၊ မြို့ပြ၊ အိမ်ရာ၊ လမ်း/တံတားနှင့် ကျေးလက်လမ်း/ တံတားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တော်ဘဏ္ဍာငွေသုံးစွဲမှုများ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ စုစုပေါင်း အသုံးစရိတ် ကျပ်သန်းပေါင်း ၃၂၉၇၈၉၉ ဒသမ ၅၁၁၀ နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ စုစုပေါင်း အသုံး စရိတ် ကျပ်သန်းပေါင်း ၄၅၀၃၄၉၄ ဒသမ ၃၂၂ ရှိပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ယနေ့ အထိ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟို အဖွဲ့အစည်းများမှ ဆောက်လုပ်ရေးဝန်ကြီး ဌာန အဆောက်အဦဦးစီးဌာနသို့ အပ်နှံလာ သော လုပ်ငန်းပေါင်း ၅၃၂၃ ခုကို အကောင် အထည်ဖော် ဆောင်ရွက်ပြီးဖြစ်သည်။

 

ဝန်ကြီးဌာနပိုင်လမ်းများ တိုးတက်မှု အနေဖြင့် မြန်မာနိုင်ငံအတွင်း ၂၀၁၇ ခုနှစ် မတ်လတွင် လမ်းမိုင်ပေါင်း ၂၆၀၀၀ ရှိရာမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ လမ်းမိုင်ပေါင်း ၂၆၆၂၃ မိုင်အထိ တိုးတက် ခဲ့ပါသည်။ လက်ရှိအချိန်တွင် ဆောက်လုပ် ရေးဝန်ကြီးဌာနပိုင် လမ်းများအခြေအနေမှာ နိုင်လွန်ကတ္တရာလမ်း ၂၁၁၅/၃ မိုင်၊ ကွန်ကရစ်လမ်း ၁၈၉၂/၀ မိုင်၊ ကတ္တရာလမ်း ၁၅၆၉၁/၅ မိုင်၊ ကျောက်ချောလမ်း ၁၆၅၆/၇ မိုင်၊ အမာခံလမ်း ၂၇၁၈/၂ မိုင်နှင့် မြေသား လမ်း ၂၅၀၉/၄ မိုင်တို့ ဖြစ်ကြသည်။

 

တံတားဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ မှ ၂၀၁၉-၂၀၂၀ ပြည့်နှစ်အတွင်း ပေ ၁၈၀ အထက်တံတား ၁၇၈ စင်းနှင့် ပေ ၁၈၀ အောက်တံတား ၃၃၉ စင်း တည်ဆောက် ပြီး စီးခဲ့သည်။ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ပြည့်နှစ်အထိ ကွန်ကရစ်လမ်းမိုင် ၉၃၁ မိုင်၊ ကတ္တရာလမ်း ၁၈၂ မိုင်နှင့် အမာခံ လမ်း ၃၆၂၂ မိုင်၊ တံတားများ ပေရှည် အနေဖြင့် ကွန်ကရစ်တံတား ၆၅၄၂၅ ပေ၊ ဘေလီ/ကြိုးတံတား ၂၃၁၆၄ ပေနှင့် ရေကျော် ၁၄၇၁၃ ပေ ဆောင်ရွက်ပြီးစီးခဲ့သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ယနေ့ အထိ အိမ်ရာထုတ်လုပ်မှုမှာ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အရောင်းအိမ်ရာ ၂၈၉၀၁ ခန်းနှင့် အငှားအိမ်ရာအတွက် ၂၆၆၉၉ ခန်း စုစုပေါင်း ၅၅၆၀၀ ထုတ်လုပ် နိုင်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ အဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခွင့်ပြု ပေးသော အဆောက်အအုံများနှင့် မြို့ပြ အိမ်ရာ စီမံကိန်းများ၊ လမ်း/တံတားစီမံကိန်း များကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်း နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေး မြို့တို့နှင့် တိုင်းဒေသကြီး/ ပြည်နယ် မြို့တော် များ ဆက်သွယ်ထားသည့် ပြည်ထောင်စု လမ်းမကြီးများကို ပြည်ထောင်စုအစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း လမ်းပန်း ဆက်သွယ်ရေးကဏ္ဍတွင် လမ်း/တံတားများ တိုးတက်အောင် ဆောင်ရွက်ခဲ့မှုများကို မှတ်တမ်းတင် ဂုဏ်ပြုရေးသားလိုက် ပါသည်။ ။

 

တါျိ