မြန်မာနိုင်ငံပြည်ပ အိန္ဒိယနိုင်ငံ၊ ချန်ဒဲမြို့၏ အနောက်မြောက်ဘက်တွင် အင်အား အသင့်အတင့်ရှိသော မြေငလျင် လှုပ်ရှား

တမူး ၂၅ မေ

 

ယနေ့ည ၉ နာရီ   ၁၂ မိနစ် တွင် တမူးမြေငလျင်စခန်းမှ အနောက် - အနောက်မြောက်ဘက်  ၂၉ မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံပြည်ပ အိန္ဒိယနိုင်ငံ၊ ချန်ဒဲမြို့၏ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာတွင်  အင်အားရစ် (ခ်) တာစကေး ၅ ဒသမ ၃ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် ၂၄ ဒသမ ၃၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၈၉ ဒီဂရီ၊ အနက် ၃၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

 

MDN