မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်

၂၃ စက်တင်ဘာ

ဒါရိုက်တာကြည်စိုးထွန်းနှင့် မင်းသားကြီးမြင့်စိုး (ဒုတိယပိုင်း)

=======================================

ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်

စက်တင်ဘာ ၁၈ ရက်မှ အဆက်

မင်းသားကြီးမြင့်စိုး ။ ။ ဦးမြင့်စိုးတဲ့၊ မင်းသားကြီးတဲ့၊ အဲဒီ “မင်းကတော် ဇာတ်က တစ်နေ့တာဇာတ်လမ်းဆိုတဲ့။

ကြည်စိုးထွန်း ။ ။ ဟုတ်တယ်။

မင်းသားကြီးမြင့်စိုး ။ ။ ဇာတ်လမ်းက တစ်နေ့တာဇာတ်လမ်း၊ ကျွန်တော်က ဟိုတုန်းက    ဆရာတို့ မီလား မသိဘူး၊ Roman Holiday။

ကြည်စိုးထွန်း ။ ။ Roman Holiday ကောင်းတယ်။

မင်းသားကြီးမြင့်စိုး ။ ။ Gregory Peck နဲ့ Audrey Hupbern ဟုတ်တယ်။ အဲဒီကားကို ကျွန်တော်သိပ်သဘောကျတယ်။

ကြည်စိုးထွန်း ။ ။ သိပ်ကောင်းတာပဲ။

မင်းသားကြီးမြင့်စိုး ။ ။  အဲဒီကားကို သဘောကျပြီးတော့မှ ဂျပန်ကနေပြီး တော့ princess and photographer ဆိုတာ။

ကြည်စိုးထွန်း ။ ။ ဟုတ်တယ် seven nights in japan တို့ ဘာတို့ ဒီသဘောပါပဲ ။

မင်းသားကြီးမြင့်စိုး ။ ။  အဲဒီ သဘောလိုက်တာ၊ ကျွန်တော်က အဲဒီ roman holiday ကို သဘောကျတာ။

ကြည်စိုးထွန်း ။ ။  သိပ်ကောင်းတာပဲ။

မင်းသားကြီးမြင့်စိုး ။ ။  သဘောကျတော့   ကျွန်တော်   ကျောင်းသားဘဝပဲ ရှိသေးတယ်။

ကြည်စိုးထွန်း  ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ နောက်တစ်ခုက အိန္ဒိယကနေပြီးတော့ ဇာတ်ကားတစ်ကား ရက်ရှ်ကပူးရိုက်တယ်။

ကြည်စိုးထွန်း ။ ။  ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။  ဂျက်ဆီလာဟိုးတဲ့။

ကြည်စိုးထွန်း။ ။  ‌ဪ ဂျက်ဆီလာဟိုး။

မင်းသားကြီးမြင့်စိုး။ ။တစ်ညတည်း အဖြစ်အပျက် ။

ကြည်စိုးထွန်း။ ။  ‌ဪ ။

မင်းသားကြီးမြင့်စိုး။ ။  ဟာ မြန်မာပြည်မှာ    တစ်ညတည်းအဖြစ်အပျက်၊ တစ်နေ့တည်းအဖြစ်အပျက် ဘယ်သူမှမရိုက်သေးဘူး ။

ကြည်စိုးထွန်း ။ ။  ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်က ဘာသွားသတိရလဲဆိုတော့ ဆရာ ဦးသာဓုက “ကကြီးရေက မှာ တစ်နေရာတည်းမှာ   ခြံထဲမှာ  အဖြစ်အပျက် ကလေးပြတယ်။ ကျွန်တော်ကလည်း  ပန်းခြံထဲမှာ  တစ်နေ့တည်း  အဖြစ် အပျက် ပြလိုက်တယ်။

ကြည်စိုးထွန်း ။ ။  ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်က စွန့်စားချင်တယ်ပေါ့။

ကြည်စိုးထွန်း ။ ။  ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ တစ်နေ့တည်း အဖြစ်အပျက်ကို။

ကြည်စိုးထွန်း ။ ။ စိတ်ဝင်စားအောင်။

မင်းသားကြီးမြင့်စိုး ။ ။ ကျွန်တော်က အဲဒီမှာ   “မင်းကတော်  ရိုက်တယ်။ ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ ဇာတ်ညွှန်းက    ဟိုတုန်းက  နာမည်ကြီး၊  တက္ကသိုလ် မောင်လှသူ။

ကြည်စိုးထွန်း  ။ ။  ဪ ကိုလှသူ။

မင်းသားကြီးမြင့်စိုး။ ။  ကိုလှသူ။

ကြည်စိုးထွန်း ။ ။ သိတယ်။

မင်းသားကြီးမြင့်စိုး။ ။ နောက်ပြီးတော့  စာရေးဆရာ မြတ်ထွဋ်။

ကြည်စိုးထွန်း ။ ။  ဪ မြတ်ထွဋ် ဆုံးသွားပြီ။

မင်းသားကြီးမြင့်စိုး ။ ။ သူတို့နှစ်ယောက်ရေးတဲ့ ဇာတ်ညွှန်း။

ကြည်စိုးထွန်း ။ ။  နှစ်ယောက်စလုံး ဆုံးသွားပြီ။

မင်းသားကြီးမြင့်စိုး။ ။  ဟုတ်တယ်ဆရာ။ အဲဒီမှာ ဆရာ့ကို ပြောပြဦးမယ် ကြုံလို့။ ကျွန်တော်က ဇာတ်ကားပရီရှိုးပေါ့၊ ပရက်ရှိုးမှာပြတော့ စာနယ်ဇင်း ဌာနကို ကျွန်တော်က  ဝေဖန်ခိုင်းတယ်။  ဝေဖန်ကြပါဆိုတော့ ကျွန်တော့် ရိုက်ကွက်နဲ့ ပတ်သက်လို့ ဘယ်သူမှ မဝေဖန်ဘူး။ ဇာတ်လမ်းနဲ့ ပတ်သက်လို့ အင်္ဂလိပ်ကား အတုခိုးထားတယ်၊ ဘာတယ် ညာတယ် ပြောတာပေါ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ။

မင်းသားကြီးမြင့်စိုး။ ။  ဒါပေမယ့်   ဟိုတုန်း အဒက်ပ် လုပ်ရတာပေါ့ဆရာရယ်။   ဒါအနုပညာဆက်နွှယ်။  ဆိုတော့ ကျွန်တော်က  ဘာဖြစ်လဲဆိုတော့ တစ်ရက်တည်း အဖြစ်အပျက်ဇာတ်လမ်းရိုက်တဲ့အတွက် နယ်မှာပြတော့ ကြည့်တဲ့ပုဂ္ဂိုလ်တွေက    ဒီဇာတ်ကားက   လွယ်လွယ်ကူကူ  တစ်ရက်တည်း ရိုက်ထားပါလားထင်တယ်။

ကြည်စိုးထွန်း ။ ။  အဟားဟား။

မင်းသားကြီးမြင့်စိုး ။ ။  ဆရာရယ်  one scene တောင်မှ  တစ်နေ့ ပြတ်ဖို့က လွယ်တာမှမဟုတ်ဘဲ။

ကြည်စိုးထွန်း  ။ ။  မှန်တာပေါ့ မှန်တာပေါ့။

မင်းသားကြီးမြင့်စိုး ။ ။ ဆရာ ဒါရိုက်တာပဲ သိတာပေါ့။

ကြည်စိုးထွန်း ။ ။  မှန်တာပေါ့။

မင်းသားကြီးမြင့်စိုး ။ ။  အဲဒီတော့   တစ်ရက်တည်းရိုက်လို့  ဘယ်ပြီးပါ့မလဲ။ အဲဒါနဲ့  ပြောပြဦးမယ်၊  ခင်ယုမေက  ပြောတယ်၊ ခင်ယုမေ အသက်ထင်ရှား ရှိပါသေးတယ်။

ကြည်စိုးထွန်း  ။ ။  ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။  အစ်ကိုတဲ့   အစ်ကို့ဇာတ်ထုပ်က  တစ်ရက်တည်း ဖြစ်တယ်။  ခုထက်ထိ   ဆယ်ရက်၊  ဆယ့်ငါးရက်  မပြီးသေးဘူးလားတဲ့။ ကျွန်တော်က ပြောရတယ် မေရေလို့    ပေတစ်သောင်းငါးထောင်လောက် ရိုက် ဟိုတုန်းက။

ကြည်စိုးထွန်း ။ ။  ဟုတ်ပါ့။

မင်းသားကြီးမြင့်စိုး ။ ။ ပေတစ်သောင်း ငါးထောင်ထဲမှာ ဆယ်နှစ်ဇာတ်ထုပ် လည်းပဲ။

ကြည်စိုးထွန်း ။ ။ ဒါပေါ့ ။

မင်းသားကြီးမြင့်စိုး ။ ။ ဒီလိုပဲ၊ အကြာကြီးရိုက်ရတာပဲ ။

ကြည်စိုးထွန်း ။ ။  မှန်တာပေါ့ ။

မင်းသားကြီးမြင့်စိုး ။ ။ တစ်ရက်တည်းဇာတ်ထုပ်လည်း ပေတစ်သောင်း ငါးထောင်ပြည့်အောင် ရိုက်ရမှာပဲ ။

ကြည်စိုးထွန်း  ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။  ဆိုတော့ အဲဒါပြောပြတယ်ပေါ့။

ကြည်စိုးထွန်း ။ ။  ဟိုတုန်းက အမေရိကန်ကားတစ်ကားရှိတယ်လေ Hight  Noon  ဆိုတာလေ။  Hight  Noon က တစ်နာရီအတွင်း အဖြစ်အပျက်။

မင်းသားကြီးမြင့်စိုး ။ ။ ကိုင်း ဘယ်လောက်ထိပြည့်စုံလဲ။

ကြည်စိုးထွန်း ။ ။  တစ်နာရီအတွင်း အဖြစ်အပျက်။

မင်းသားကြီးမြင့်စိုး ။ ။  ဟုတ်တယ်။

ကြည်စိုးထွန်း ။ ။  အဲဒါမျိုးတွေလည်း ရိုက်ခဲ့တာပေါ့။

မင်းသားကြီးမြင့်စိုး ။ ။  ဟုတ်တယ်။

ကြည်စိုးထွန်း ။ ။   Roman Holiday    ဆိုရင်လည်း    တစ်ရက်တော့ မဟုတ်ဘူးဗျ၊  တစ်ညတော့ အိပ်သေးတယ်   ထင်တယ်၊  တစ်ည တစ်နေ့ပေါ့လေ။

မင်းသားကြီးမြင့်စိုး ။ ။    Roman Holiday ကတစ်ည ဆရာ။

ကြည်စိုးထွန်း ။ ။ မဟုတ် ဘူးဗျ၊ ရောက်တဲ့ည သူက မင်းသမီး က တစ်ညအိပ်သေးတယ်၊   နောက် တစ်နေ့ည ပြန်ပို့ရတာကိုး၊ တစ်ရက် ပေါ့လေ၊  တစ်ရက်ပေါ့နော်။

မင်းသားကြီးမြင့်စိုး ။ ။ တစ်ရက် တစ်ရက်။

ကြည်စိုးထွန်း ။ ။  အင်မတန် ကောင်းတဲ့ကား။ ကျွန်တော် သိပ် သဘောကျတယ်၊ Roman  Holiday၊  Gregory Peck  ကလည်း  ကောင်းတယ်၊    နောက်တစ်ခါ Audrey    Hepburn    ကလည်း ကောင်းတယ်။

မင်းသားကြီးမြင့်စိုး ။ ။ နောက်ဆုံးဆရာဇာတ်သိမ်းမှာ Gregory Peck က Hall ထဲမှာ  လျှောက်သွားတာ  ဘယ်လောက်ကောင်းလဲ။

ကြည်စိုးထွန်း ။ ။ အကျယ်ကြီး၊  ဒီဇာတ်လမ်း ဦးတည်ချက်ကို ကျွန်တော်  သဘောကျလို့ နည်းနည်းလေး ပြောပါရစေ၊ ဘာလို့လဲဆိုတော့ မင်းသားကြီး ကြိုက်တာနဲ့ ကျွန်တော်ကြိုက်တာနဲ့လည်း တူတယ်၊ နောက်ပြီးတော့ ဒီဟာကိုလည်း   ပရိသတ်ကိုလည်း   ဒါလေးကိုပေါ့လေ၊  ကျွန်တော်ဘာကြောင့် ကြိုက်တယ်ဆိုတာ     လက်ဆောင်လေးပေါ့၊  ကျွန်တော်က     ဒီနေရာမှာ တင်ပြချင်တာပေါ့။

မင်းသားကြီးမြင့်စိုး ။ ။  ဟုတ်ကဲ့ ။

ကြည်စိုးထွန်း ။ ။  ဘာလို့လဲ ဆိုတော့  Roman   Holiday  မှာ  ဘာကို   သူက  ဆိုလိုလဲဆိုတော့ ကိုယ့်အတွက်မဟုတ်ဘူး၊   အချစ် ဆိုတာ။

မင်းသားကြီးမြင့်စိုး ။ ။  ဪ။

ကြည်စိုးထွန်း ။ ။   အများအတွက်။

မင်းသားကြီးမြင့်စိုး ။ ။  ဟုတ်ကဲ့။

ကြည်စိုးထွန်း ။ ။  မင်းသမီးလေးအနေနဲ့ကလည်း  သူတကယ် ချစ်ရင် ဒီလူ့ကို   ယူလိုက်ရင်ပြီးတယ်။  ဒါပေမယ့် သူဟာ  သာမန်မိန်းကလေးတစ်ယောက်   မဟုတ်ဘူး။   သူ့နောက်မှာ   သူ့ကို လေးစားကြည်ညိုနေတဲ့၊ သူ့ကို ဂုဏ်ဒြပ် တစ်ခုအနေနဲ့ ကြည့်နေတဲ့ သူ့ရဲ့ ပြည်သူ ပြည်သားတွေရှိတယ်။

 

မင်းသားကြီးမြင့်စိုး ။ ။  ဘုရင့်အမျိုး၊ ဘုရင့်အနွယ်ဟာကို။

ကြည်စိုးထွန်း ။ ။ မင်းသမီးကို သူက ဟိုလူကျတော့လည်း ဒီကောင်မလေးကို သူသိမ်းပိုက်လိုက်လို့ရတယ်။

မင်းသားကြီးမြင့်စိုး ။ ။  ဟုတ်တယ်။

ကြည်စိုးထွန်း  ။ ။  သူ့ အိပ်ရာပေါ် ရောက်နေတဲ့မိန်းကလေး။

မင်းသားကြီးမြင့်စိုး ။ ။  ဟုတ်တယ်။

ကြည်စိုးထွန်း ။ ။  ဒါပေမယ့် သူဒီလိုမလုပ်ဘူး။

မင်းသားကြီးမြင့်စိုး ။ ။  ဟုတ်တယ်။

ကြည်စိုးထွန်း ။ ။ လူကြီးလူကောင်းလို၊   သူ့ရဲ့ဘဝက  ပိုက်ဆံလည်း မရှိဘူး၊ နေရတဲ့အခန်းလေးကလည်း ဟိုကောင်မလေးမေးသလို မင်းသမီးလေး က မေးတယ်။ ဒါဘာလဲတဲ့ ဒါဓာတ်လှေကားခန်းလားတဲ့။ ဓာတ်လှေကား လောက်လေးပဲရှိတဲ့ အခန်းလေးထဲမှာနေရတဲ့  သတင်းထောက်လေးရဲ့ လူဆန်တဲ့စိတ်ဓာတ်။

မင်းသားကြီးမြင့်စိုး ။ ။  ကောင်းတယ်ဆရာ။

ကြည်စိုးထွန်း ။ ။  နောက်    စွန့်လွှတ်တတ်တဲ့   မေတ္တာတရား။

မင်းသားကြီးမြင့်စိုး ။ ။  ဟုတ်တယ်ဆရာ။

ကြည်စိုးထွန်း  ။ ။  ကျွန်တော် အဲဒါတွေကိုလေ သဘောကျတာပါ။

မင်းသားကြီးမြင့်စိုး ။ ။  ဟာ သိပ်ကောင်းတယ်။

ကြည်စိုးထွန်း ။ ။ သူ့ရဲ့ ဦးတည်ချက်လေးလည်း သဘောကျတယ်။ အမူအရာတွေလည်း   ကောင်းတဲ့အတွက် မင်းသားကြီးနဲ့၊  ကျွန်တော်နဲ့ ကြုံကြိုက်လို့ Roman Holiday လေးရဲ့ ကောင်းတာလေးကို ကျွန်တော်တို့က မေတ္တာလက်ဆောင်၊ ကိုယ်က စားကောင်းတဲ့ ဟာလေးတွေ့ရင် ပရိသတ်လည်း စားစေချင်တဲ့ သဘောမျိုးနဲ့။

မင်းသားကြီးမြင့်စိုး ။ ။ မှန်တာပေါ့။

ကြည်စိုးထွန်း ။ ။  ဒါလေးကို လက်ဆောင်ပါးတာပါ။

မင်းသားကြီးမြင့်စိုး ။ ။  ကောင်းတယ်။

ကြည်စိုးထွန်း ။ ။  Roman Holiday ပါ။

မင်းသားကြီးမြင့်စိုး ။ ။  ကောင်းလိုက်တာမှဆရာရယ်။

ကြည်စိုးထွန်း ။ ။ Gregory  Peck   နဲ့   Audrey   Hepburn ၊   ဪ မင်းသားကြီးက အဲဒါကို သဘောကျပြီးတော့။

မင်းသားကြီးမြင့်စိုး ။ ။ သဘောကျပြီးတော့ “မင်းကတော် ကို ရိုက်တယ်။ ကြည်စိုးထွန်း ။ ။  ကျွန်တော်မှတ်မိတာ “မင်းကတော် ထဲမှာ မင်းသား ကြီးရဲ့ သူဌေးက ဦးကြယ်နီထင်တယ်။  ဦးကြယ်နီက   သူက   ဗမာလိုဝတ် တယ်။  ဒါပေမယ့် သူ့ရဲ့ ကားဒရိုင်ဘာကို သူက အနောက်တိုင်းလို ဝတ်စေ တယ်  ဟုတ်လား။  ဘာလို့ဆို  ဟိုဘိုတွေကနေပြီးတော့  ဝတ်တယ်ဆိုရင် ကျွန်တော်တို့ ဟိုအင်္ဂလိပ်ခေတ်ကဆိုရင် ဗမာတွေက ကားမောင်းနေတယ်။ ဒရိုင်ဘာတွေက ကားမောင်းရင် ခေါင်းပေါင်းနဲ့၊ တိုက်ပုံနဲ့ မောင်းရတယ်။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တယ်။

ကြည်စိုးထွန်း ။ ။ ဒီဘိုတွေကို    ငါလက်စားချေမယ်  ဆိုပြီးတော့ တစ်ခါတည်း သူ့ရဲ့ ဒရိုင်ဘာကို ဘိုလိုဆင်ထားတယ်။

မင်းသားကြီးမြင့်စိုး ။ ။  နက်ကတိုင်  (Necktie) နဲ့။

ကြည်စိုးထွန်း ။ ။ သိပ်ကောင်းတာပဲ၊    အဲဒါ    သဘောကျတယ်။  မှတ်မိတယ်၊    ကျွန်တော်  အဲဒီကားကြည့်ဖူးတယ်၊  သိပ်ကောင်းတာပဲ အဲဒီကား။

မင်းသားကြီးမြင့်စိုး ။ ။  ရည်ရွယ်ချက်ကောင်းတယ်။

ကြည်စိုးထွန်း ။ ။ ကောင်းတယ်။

မင်းသားကြီးမြင့်စိုး ။ ။  အဲဒီမှာ   ဧည့်သည်တော်တွေ   အများကြီးပါတယ်။  မောင်မောင်တာတို့၊  ကောလိပ်ဂျင်နေဝင်း၊  ခင်မောင်ဇင်၊    မြင့်မြင့်ဌေး၊ ပြုံးပြုံးကြည် ဟာ တော်တော်များများပါတယ်။

ကြည်စိုးထွန်း ။ ။  ပျော်စရာကောင်းတယ်နော်။

မင်းသားကြီးမြင့်စိုး ။ ။ကျွန်တော်က စိတ်ကူးထားတာက အဲဒီဇာတ်ကားသာ အောင်မြင်ရင်။

ကြည်စိုးထွန်း ။ ။  ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။ သူတို့တွေကို ဂုဏ်ပြုဖို့ စိတ်ကူးထားတာ။  အခုဟာက မအောင်မြင်တဲ့အပြင် ကိုယ့်ရှိတာလေး  အရင်းပြုတ်သွားတာပေါ့ ဆရာ။ ဒါပေမယ့် ဆရာရယ်။ ကျွန်တော်တို့  အနုပညာသည်  ဆရာလည်း သိပါ တယ်။ တစ်ဦးတစ်ယောက်က ဂုဏ်ပြုလိုက်ရင်၊ ချီးကျူးလိုက်ရင် ပီတိလေး တွေက၊  အရှုံးလေးတွေက အမြတ်ပေါ့ ဆရာရယ် ။

ကြည်စိုးထွန်း  ။ ။  မှန်ပါတယ်။

မင်းသားကြီးမြင့်စိုး ။ ။  အဲဒါလေးပြောပြမယ်၊   မြန်မာပြည်မှာ   နယ်မှာ မအောင်မြင်ပေမယ့်၊   ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ ဟင်္သာတ မြို့ကြီးတွေမှာ အတော် အောင်မြင်တယ်။  အဲဒီအောင်မြင်တဲ့အပြင်ကို   ကျွန်တော်အရင်း မရပေမယ့်၊ ကုန်သွားပေမယ့် ဗထူးမြို့မှာ ကျွန်တော့်ဇာတ်ကား ရောက်သွား တယ်။

ကြည်စိုးထွန်း  ။ ။  ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး ။ ။  ရောက်သွားတော့ တရုတ်ဧည့်သည်တော်တွေ   ရောက်နေတယ်။ ဟိုတုန်းက တရုတ်ယဉ်ကျေးမှုတွေပေါ့။  တရုတ်ဧည့်သည် တော်တွေ တရုတ်ထိပ်တန်းပုဂ္ဂိုလ်တွေပေါ့ ရောက်နေတယ်။ သူတို့ကို ပြစရာ မရှိဘူး။  ကျွန်တော်က  ဟိုတုန်းက  တပ်မတော်အတွက်ကို  ဗထူးမြို့ကို ဒီဇာတ်ကားပြဖို့လို့  လှူထားတယ်ပေါ့။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ ။

မင်းသားကြီးမြင့်စိုး ။ ။ ဘယ်နှရက် တစ်လပေါ့ဗျာ။

ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့။

မင်းသားကြီးမြင့်စိုး။ ။ ဗထူးမြို့ တပ်မတော်သားတွေ စစ်သင်တန်းတက်တဲ့ သူတွေ ပြဖို့ပေါ့။ ပြတော့ ဟိုက ဒီပြင် ဗမာဇာတ်ကားပြစရာမရှိတော့ အဲဒီ “မင်းကတော် ကို တရုတ်ယဉ်ကျေးမှု   တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ပြလိုက် တာ၊ ပြလိုက်တော့  တရုတ်တွေက   ဘာပြောလဲဆိုတော့ဟာ  ဗမာဇာတ်ကား ဒီလောက်ကောင်းတာ၊  ဗမာဇာတ်ကားကြည့်တယ်၊   ဒီပြင်ကားတွေ ဒီလောက် မကောင်းဘူးတဲ့၊   ဒီဟာ  တော်တော်သဘာဝကျတယ်၊  ကောင်းတယ်။ ကျွန်တော့်ကို  ဗထူးတပ်ကနေပြီးတော့ တပ်မှူးက ပြန်ဖုန်းဆက်တယ်။

ကြည်စိုးထွန်း ။ ။ ဪ။

မင်းသားကြီးမြင့်စိုး ။ ။  ကိုမြင့်စိုးတဲ့ ခင်ဗျားကားကို တရုတ်တွေ  သဘောကျ တယ်တဲ့။ ကျွန်တော် ဝမ်းသာသွားတယ်။

ကြည်စိုးထွန်း ။ ။ ဒါပေါ့ ဒါပီတိပဲလေ။

မင်းသားကြီးမြင့်စိုး ။ ။ နိုင်ငံခြားက ပုဂ္ဂိုလ်တွေက၊ အဆင့်အတန်းမြင့်တဲ့ ပုဂ္ဂိုလ်တွေက ဆရာ့လိုပေါ့ ဆရာရယ်။  ပိုက်ဆံရှုံးပေမယ့် ပညာမရှုံးဘူးပေါ့။ အဲဒါလေး ဝမ်းသာသွားတယ်ဆရာ။

ကြည်စိုးထွန်း ။ ။ အဲဒီတော့ ရုပ်ရှင်ကတော့ ကျွန်တော်စုဆောင်းထား တာ၊   ကျွန်တော်လေ့လာထားတာကတော့   မင်းသားကြီးကားတွေ  ဒါပဲ ထင်တယ်။

မင်းသားကြီးမြင့်စိုး ။ ။  ဟုတ်ကဲ့။

ကြည်စိုးထွန်း ။ ။ နောက်ထပ်များ  ရှိသေးလားမသိဘူး။

မင်းသားကြီးမြင့်စိုး ။ ။  ရှိတယ်ဆရာရဲ့။

ကြည်စိုးထွန်း  ။ ။  ဟုတ်လား ပြောပါဦး။

မင်းသားကြီးမြင့်စိုး ။ ။  “မာယာကြာခြည်   ကုမ္ပဏီ  ပဒေသာဖလင်း။  “ရာဇဒါဏ်။  နောက်ပြီးတော့ စိုးဘရားသား “တစ်ပွင့်မာလာ။  သုခုမရုပ်ရှင် က  “နှောင်ကြိုး ငင်ပါ့မယ်လေ။   ဆောင်းဖလင်းက  “ချစ်ပန်းတစ်ပွင့်။  နောက်ပြီးတော့ ဆွေဗမာဖလင်းက “ဘဝကြင်ဖော်။  နောက်ပြီးတော့ ဗန္ဓုလချစ်မောင်က “ကြိုက်ပြီ ဆိုတဲ့ သန်းနွဲ့နဲ့ ရိုက်တာ။

ကြည်စိုးထွန်း ။ ။  ဟုတ်ကဲ့။  အခုက  ကျွန်တော်ကြည့်တဲ့အထဲမှာ “ကြိုက်ပြီ နဲ့ “မိမိကြီးနဲ့ ကျွန်တော် မတွေ့တာပေါ့နော်။

မင်းသားကြီးမြင့်စိုး ။ ။ ဟုတ်တယ်။ နောက် “ဤရူပ၊  နောက်စတားလိုက် ဖလင်းက ဒါရိုက်တာရွှေနှင်းမောင်က “ငွေပေစာ။  “ငွေပေစာ ကျွန်တော် ရိုက်တယ်ဆရာ။ နောက်ပြီးတော့ စာဆိုတော်ရုပ်ရှင်က ဒါရိုက်တာ ဆရာကြီး ဒဂုန်ဓာတ်ရှင်ရဲ့ သား ဒါရိုက်တာ ကိုသန်းထွန်းဆိုတာ၊ သူက ခုနက “ဖာတစ် လုံး ခေါင်းကျား    ခင်မောင်လည်းပါတယ်။   “ချစ်ဝေစု   “ချစ်ဝေစု။  နောက်တော့ ဒါရိုက်တာဦးချင်းစိန်ရဲ့ “အိမ်ထောင်စု။ “အိမ်ထောင်စုက မင်းသား မင်းသမီး အကုန်ပါတယ်။

ကြည်စိုးထွန်း။ ။  ဟုတ်ပါတယ်။    ကောလိပ်ဂျင်နေဝင်းတို့၊  ထွန်းဝေ တို့ရော။

(ဆက်လက်ဖော်ပြပါမည်)