မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲ ပွဲစဉ်(၃) ဩဂုတ်လ ၂၁ ရက် ညတွင် တိုက်ရိုက်ထုတ်လွှင့်မည်

ရန်ကုန်   ၁၇   ဩဂုတ်

မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲ   ပွဲစဉ်()ကို ဩဂုတ်လ ၂၁ ရက်(သောကြာနေ့) နာရီ မြန်မာရုပ်မြင်သံကြား သတင်းအပြီးတွင် တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်းအပုဒ် ၁၀၀ ကို သီတင်းတစ်ပတ် လျှင် ၁၀ ပုဒ်နှုန်းဖြင့် ဩဂုတ်လ ရက်ညမှ စတင်ထုတ်လွှင့်ခဲ့ရာ ဩဂုတ်လ ၂၁ ရက်(သောကြာနေ့) တွင် အင်ပါရာတေးဂီတအဖွဲ့နှင့်အတူ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ စည်သူလွင်၊ အောင်လ၊ ဝေလ၊ ဝိုင်းစုခိုင်သိန်း၊ မေသက်ထားဆွေ၊ ဂျူဝဲလ်၊ အေးမြဖြူစသော နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများကို တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင်တေးသီချင်းများကို အောက်တိုဘာ ရက်နေ့အထိ ထုတ်လွင့်ပြသမည်ဖြစ်ပြီး မြန်မာ့ရုပ်ရှင် ရာပြည့် အထိမ်းအမှတ်အနေဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရုပ်ရှင်ရာပြည့်ဂုဏ်ပြုတေးသီချင်းများ ထုတ်လွင့်နေသည့်အပြင် မြန်မာ့ရုပ်ရှင်ဇာတ်ကား ၁၀၀ ကိုလည်း ပြသပေးလျက်ရှိကြောင်း သိရသည်။ မြန်မာ့ ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်နေ့မှာ အောက်တိုဘာလ ၁၃ ရက်နေ့ဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)