မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်အထိမ်းအမှတ် မင်းသားကြီးမြင့်စိုးနှင့် ရုပ်ရှင်စကားဝိုင်း

mdn

articles_advs

 

တွေ့ဆုံမေးမြန်း
ဒါရိုက်တာ ကြည်စိုးထွန်း

ဒီတစ်ပတ်စကားဝိုင်းမှာ ပြောမယ့်မင်းသားကတော့ လူချောမင်းသားလို့ ပြောရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လူချောလူလှမင်းသားတွေထဲက ကံအားလျော်စွာကျန်နေတဲ့ မင်းသားတစ်ဦးနဲ့ ရုပ်ရှင်စကားဝိုင်းကို ပြောကြားမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူ့ကိုမင်းသားကြီးလို့ပဲ ခေါ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့နာမည်က အင်မတန် နာမည်တူများပါတယ်။ ကျွန်တော်နဲ့ ပထမဆုံးရုပ်ရှင်စကားဝိုင်းမှာ စပြီးတော့ဆွေးနွေးတဲ့ပုဂ္ဂိုလ်ကလည်း ရုပ်ရှင်မှာဘီအေဘွဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ သူ့နာမည်က ဦးမြင့်စိုး ဖြစ်ပါတယ်။

ထို့အတူပဲ ကျွန်တော့်ရဲ့မိတ်ဆွေပေါ့လေ၊ သူငယ်ချင်း လောလောဆယ်ဒါရိုက်တာလုပ်နေတဲ့ မြင့်စိုး(ဝ/သ) ဆိုတာလည်း တစ်ယောက်ရှိပါတယ်။ မြင့်စိုးဆိုတဲ့နာမည်တွေက ပေါများတဲ့အတွက် ကျွန်တော်နဲ့ အခုစကားပြောမယ့် လူချောလူလှ မင်းသားကြီးမြင့်စိုးကို မင်းသားကြီးလို့ပဲ ကျွန်တော်က ခေါ်ဝေါ်လေ့ရှိပါတယ်။ အခုကျွန်တော်နဲ့ မင်းသားကြီးမြင့်စိုးနဲ့ ရုပ်ရှင်စကားဝိုင်းကို စတင်မှာဖြစ်ပါတယ်။

(၃၁-၈-၂၀၂၀ ရက်နေ့မှအဆက်)
မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်သေသွားတော့မှ ဖိုးပါကြီးနဲ့ မေရီမြင့်နဲ့
ပြန်ပေါင်းတာ။
ကြည်စိုးထွန်း။ ။ ဪ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော့်အခန်းနည်းတဲ့အတွက် အောက်က
ပရိသတ်က ဝေဖန်ကြတယ်ပေါ့ ဆရာရယ်။ နောက် တော့ ကျွန်တော် အဲဒီ ‘ချစ်ဖေဖေ’ မှာ ဆရာဦးချင်းစိန်ကနေပြီးတော့ မောင်မြင့်စိုး မင်းကိုပြန်ရိုက်မယ်။ ‘ချစ်ဖေဖေ’ ရိုက်မယ်ဆိုတော့ ကိုသန်းနွဲ့တို့၊ ဖိုးပါလေးတို့၊ ပါနောက်တို့ပါတယ်။ အဲဒီဇာတ်ကားထဲမှာ ဆရာဦးချင်းစိန်က ပြဇာတ်ကိုပြန်တင်တဲ့ ဇာတ်ကားဖြစ်နေတော့ ပြဇာတ်ထဲမှာ အောင်မြင်သလို မောင်မြင့် ကျွန်တော့်ကို ပျောက်သွားတဲ့နေရာမှာ ရန်ကုန်မြို့ကို တက်လာ ပြီးတော့ ပျောက်သွားတော့ လူရွှင်တော်တွေက လိုက်ရှာတာ မောင်မြင့်စိုးလေးရေ ဆိုပြီး။
ကြည်စိုးထွန်း။ ။ ဟုတ်ပြီ။
(ကြည်+မြင့်)။ ။ မြင့်စိုးရေ မောင်မြင့်စိုးလေးရေ။
မင်းသားကြီးမြင့်စိုး။ ။ လိုက်ရှာတာ ဟာသပေါ့ဆရာရယ်။
ကြည်စိုးထွန်း။ ။ ဟုတ်တယ်။
မင်းသားကြီးမြင့်စိုး။ ။ လိုက်ရှာတော့ ဇာတ်ကားကြည့်ပြီးတဲ့လူက အဲဒါ
အော်ပြီးတော့ ထွက်လာကြတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်တယ် မြင့်စိုးလေးရေ မောင်မြင့်စိုးလေးရေ။
မင်းသားကြီးမြင့်စိုး။ ။ မြို့ထဲမှာလည်း ဒီလိုပဲ အော်နေကြတယ်။ ကျွန်တော့်
အိမ်ရှေ့မှာလည်း မြင့်စိုးရေ မောင်မြင့်စိုးလေးရေ လာအော်တော့တယ်။ ကာတွန်းဆရာတွေက ဘာရေးလဲဆိုတော့ မြင့်စိုးရေ မောင်မြင့်စိုးရေ ကြွက်ဖြူလေးရေဆိုပြီး ကာတွန်းတွေ ရေးကြတယ်ပေါ့။ ကျွန်တော်လည်း အဲဒီဆရာဦးချင်းစိန်ရဲ့ ကျေးဇူးကြောင့် မြင့်စိုးက နာမည်ကြီး သွားတာပေါ့။
ကြည်စိုးထွန်း။ ။ ဟုတ်တာပေါ့။
မင်းသားကြီးမြင့်စိုး။ ။ နာမည်ပါရသွားတယ် ဆရာရယ်။ ဆရာဦးချင်းစိန်
ကျေးဇူး မမေ့ပါဘူးဆရာ။
ကြည်စိုးထွန်း။ ။ ဟုတ်တယ် ကျွန်တော်လည်း အဲဒါလေး သတိထား
မိတယ်။ မြင့်စိုးရေ မောင်မြင့်စိုးလေးရေ ရယ်လည်း ရယ်ရတယ်။ ရန်ကုန်မြို့မှာ လူတစ်ယောက်ကို လိုက်ရှာကာ အဲဒီလို လိုက်အော်ပြီးတော့ လိုက်ရှာတာဆိုတော့ ရယ်ရတာပေါ့ဗျာ။
မင်းသားကြီးမြင့်စိုး။ ။ လိုက်အော်ပြီးတော့ ရှာတွေ့တဲ့လူကို ခင်ဗျားမြင့်စိုး
လား မြင့်စိုးလားဆိုပြီးတော့ မေးတယ်ဆရာ။
ကြည်စိုးထွန်း။ ။ ဟုတ်တယ် ဟုတ်တယ်။
မင်းသားကြီးမြင့်စိုး။ ။ ကိုသန်းနွဲ့ကျေးဇူးပေါ့ဆရာ။
ကြည်စိုးထွန်း။ ။ ဟုတ်ပါ့ဗျာ ကြာလှပြီ။
မင်းသားကြီးမြင့်စိုး။ ။ ကိုသန်းနွဲ့တို့၊ ဖိုးပါလေးတို့။
ကြည်စိုးထွန်း။ ။ အဲဒါက ‘ချစ်ဖေဖေ’ ၁၉၅၇ ခုနှစ်မှာပေါ့။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်ဆရာ။
ကြည်စိုးထွန်း။ ။ အဲဒီမှာရိုက်ပြီးတော့ မြညွန့်ရုပ်ရှင်နဲ့ ဦးဘချစ်လည်း
ပါတယ်နော်၊ မေရီမြင့်ပါတယ်၊ မေမြ ပါတယ်။ မေသန်းကြည်ဆိုတာ ရှိသေးတယ်နော်။
မင်းသားကြီးမြင့်စိုး။ ။ မေသန်းကြည်လည်းပါတယ်။
ကြည်စိုးထွန်း။ ။ မေသန်းကြည်က ပါနောက်ရဲ့ဇနီး၊ ပါနောက်က
စိုးမြင့်ဆိုပြီးတော့ ရိုက်သေးတယ်နော်။
မင်းသားကြီးမြင့်စိုး။ ။ ဒါရိုက်တာစိုးမြင့်ဆိုပြီး အသံတိတ်ကားတွေ အများ
ကြီးနာမည်ရတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ သူ့ကားတွေလည်း ကျွန်တော်တို့ ကြည့်ဖူး
တာပေါ့။ ရွှေဘ၊ တင်ညွန့်၊ မေသန်းကြည် အဲဒါတွေ ကျွန်တော်တို့ကြည့်ဖူးတယ်။ မေသန်းကြည်က သူ့ဇနီးပေါ့နော်။
မင်းသားကြီးမြင့်စိုး။ ။ အဲဒီမှာ ဒါရိုက်တာအေဝမ်း ပါနောက်ရိုက်တဲ့ ရိုက်
ကွက်နဲ့ ပတ်သက်လို့ ဆရာ့ကိုတင်ပြလို့ရမလား။
ကြည်စိုးထွန်း။ ။ ပြောပါဦးခင်ဗျ၊ ကြားရတာပေါ့။
မင်းသားကြီးမြင့်စိုး။ ။ ကြုံလို့ပါဆရာ။ ဆရာဦးချင်းစိန်ကနေပြီးတော့
‘ချစ်ဖေဖေ’ ဇာတ်လမ်းအရ နောက်ဆုံးကျတော့ ဦးဘချစ်ကြီးက အဖေပေါ့ဆရာရယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ပါတယ်။
မင်းသားကြီးမြင့်စိုး။ ။ ‘ချစ်ဖေဖေ’ မှန်းသိသွားတော့ ဇာတ်ကသိမ်းသွားပြီ။
သိမ်းသွားတော့ ဆရာဦးချင်းစိန်က ဘာပြောလဲ ဆိုတော့ သူ့အိမ်မှာ ငါ့ဇာတ်ထုပ်ကတော့ ဇာတ်လမ်း ပြီးသွားပြီကွာတဲ့။ သန်းနွဲ့ကလည်း ဟာသလေးတွေတတ်တာကိုး။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်ရယ်၊ ကိုသန်းနွဲ့ရယ်၊ ကိုပါနောက်၊
ကိုစိုးမြင့်ရယ် ထိုင်နေတုန်းမှာ သန်းနွဲ့ရေတဲ့ ငါ့ကို ending happy ending လေးလုပ်ချင်တယ်ကွာတဲ့၊ plot တစ်ခုလောက် ရယ်စရာလေးတစ်ခုလောက် ထည့်ပေးစမ်းပါကွာတဲ့။ ဦးသန်းနွဲ့က ခေါင်းကုတ် ပြီးတော့ ခက်တယ်ဆရာရယ် new plot ဆိုတော့ အခန်းတစ်ခန်း အသစ်လုပ်ရ မယ်ဆိုတော့ subject နဲ့လည်း အဆက်အသွယ်မရှိဘူး။ အသစ်လုပ်ရမှာ ကျွန်တော်စဉ်းစားရခက်နေတယ်ဆရာရယ်။ အချိန်ပေးပါလားဆိုတော့.....။
ကြည်စိုးထွန်း။ ။ အဆက်အစပ်ရှိမှ ကောင်းတယ်လေ။
မင်းသားကြီးမြင့်စိုး။ ။ အဆက်အစပ်ရှိမှ ကောင်းတယ်ဆိုတော့ အဲဒီတုန်း
ကတည်းက ကျွန်တော်က ရုပ်ရှင်ကို တော်တော် လေ့လာနေပြီ။ ရှင်းရှင်းပြောရရင် နိုင်ငံခြားကားတွေ တော်တော်ကြည့်ထား တယ်။ တော်တော်လေး စာတွေဖတ်ထားတဲ့ကျေးဇူးပေါ့ဆရာရယ်။ ကျွန်တော့် ခေါင်းထဲမှာ plot တစ်ခုပေါ်လာတယ်။ တိုင်းပြုပြည်ပြုလည်းဖြစ်အောင် plot လည်း ကောင်းအောင်ပေါ့ဆရာရယ် ပေါ်လာတော့ ဆရာခင်ဗျလို့ ကျွန်တော် တော့ အကွက်လေးတစ်ကွက် သတိရတယ် ပေါ်လာတယ်ဆရာ၊ ကျွန်တော် ပြောလို့ရပါ့မလားဆရာဆိုတော့ ဟေ့ကောင်းသားပဲ မောင်မြင့်စိုးပြောစမ်း ဆိုတော့ ကျွန်တော်က လူရွှင်တော်သုံးယောက်ရှိတယ်လို့ သန်းနွဲ့ရယ်၊ ပါနောက်ရယ်၊ ဖိုးပါလေးရယ်ဆိုတော့ ကျွန်တော်တို့တိုင်းပြည်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်ရှိတယ်လို့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ တစ်ယောက်က ကြည်းတပ်၊ တစ်ယောက်က
လေတပ်၊ တစ်ယောက်က ရေတပ်ပေါ့။ လုပ် လုပ်ပြီး တော့တစ်ခါတည်း ချီတက်သွားတာပြ၊ ချီတက်တာ ပြပြီးတော့ သူတို့က ရပ်လိုက်မယ်။ ရပ်လိုက်ပြီးတော့ ဘာပြောမလဲဆိုတော့ ဟေ့မြင့်စိုးတို့၊ ဦးချင်းစိန်တို့၊ ဘာတို့ကလည်း ချစ်ဖေဖေတွေ့ပြီ၊ တို့လည်းချစ်ဖေဖေတွေ့ပြီကွ ဟိုမှာပဲ တို့ချစ်ဖေဖေဆိုပြီးတော့ လက်ညှိုးထိုးလိုက်ချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကြီး။
ကြည်စိုးထွန်း။ ။ ကြေးရုပ်ကြီး။
မင်းသားကြီးမြင့်စိုး။ ။ ပြချင်တယ်။ အဲဒီတော့ ဟာကောင်းတယ်ကွတဲ့။
တော်တော်သဘောကျသွားတယ်၊ ဟာတိုင်းပြုပြည် ပြုလည်းဖြစ်တယ်။ happy ending လည်းဖြစ်တယ်။ ဘယ်သူ့ကိုသွားရိုက် ခိုင်းလဲဆိုတော့ ဟာ ဒါဆရာဦးစိုးမြင့်ကို ဟိုဒင်းဖြစ်တာ မဟုတ်ပါဘူး။ ကြုံလို့ပြောပြတာပါ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဆရာဦးစိုးမြင့်က သွားရိုက်တယ်။
ကြည်စိုးထွန်း။ ။ ဪ ပါနောက်။
မင်းသားကြီးမြင့်စိုး။ ။ ပါနောက်က ဘယ်လိုသွားရိုက်လဲဆိုတော့ ချီတက်
တာ သုံးယောက် ချီတက်လာတာကို တစ်ခါတည်း ကင်မရာ pan ပေါ့ဆရာ။ Pan shot ရိုက်ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းကြီးက Bound ထဲ ဝင်လာတယ်။
ကြည်စိုးထွန်း။ ။ ဪ ကြေးရုပ်ကြီးက။
မင်းသားကြီးမြင့်စိုး။ ။ ကြေးရုပ်ကြီး Bound ထဲကိုဝင်လာတယ်။ အမှန်မှာ
Bound ထဲ မဝင်ရဘူး။
ကြည်စိုးထွန်း။ ။ မဝင်ရဘူးလေ ဒါဟိုဟာပေါ့ ဖွက်ထားတာ။
မင်းသားကြီးမြင့်စိုး။ ။ Bound ထဲမဝင်ရမှ understood ပေါ့ဆရာရယ်။
နောက်တော့မှ လက်ညှိုးထိုးမှ close up နဲ့ပြမယ်။ ဟုတ်လားဆရာ ကျွန်တော်က သဘောပေါက်ပြီးသား။ ဒါပေမဲ့ ကျွန်တော့် ရိုက်ကွက်ကို ကျွန်တော်မပြောဘူးပေါ့။ ခုနက plot ပဲပြောတယ်။ ကိုယ်က ဒါရိုက်တာမှ မဟုတ်ဘဲဆရာရဲ့။ ဦးစိုးမြင့်က ဒါရိုက်တာဆိုတော့ သူပဲရိုက်တာ။ သွားရိုက်တော့ ကင်မရာ Bound ထဲကို ဗိုလ်ချုပ်အောင်ဆန်းကြီး ပြတော့...။
ကြည်စိုးထွန်း။ ။ ကြေးရုပ်ကြီးမှန်းသိ။
n စာမျက်နှာ ၈ မှ
မင်းသားကြီးမြင့်စိုး။ ။ ဒါတို့ချစ်ဖေဖေပဲလို့ပြတော့ ပရိသတ်က ဘာမှ
မထူးတော့ဘူးဆရာရယ်။ အဲဒါလေးအတွေ့အကြုံ လေးရတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ပါတယ် ဟုတ်ပါတယ်။
မင်းသားကြီးမြင့်စိုး။ ။ အဲဒီတော့ ရုပ်ရှင်က Bound ဆိုတာ အရေးကြီးတာ
သွားသတိရတယ်။
ကြည်စိုးထွန်း။ ။ ဒါအရေးကြီးတာပေါ့ အရေးကြီးတာပေါ့။ တစ်ခါ
တလေပေါ့ မင်းသားကြီးရယ်။ ဆိုပါတော့ ကျွန်တော် တို့ အငြိမ့်တွေရိုက်တယ်။ ရိုက်တော့ လူရွှင်တော် နှစ်ယောက် ပြက်ကြတယ်။ ပြက်ကြတဲ့အခါကျတော့ လူရွှင်တော်ရဲ့ close up တွေပြတာပေါ့ ကျွန်တော်တို့ သွားတွေ့တာပေါ့ တချို့ဟာ close up ပြတော့ ဟိုဘက်က လူရွှင်တော်ရဲ့ အိုက်တင်က မပါတော့ဘူး။ ဟုတ်တယ်မှတ်လား လူရွှင်တော်နှစ်ယောက်ဆိုတာ သူကချိတ်ထားတာ။
မင်းသားကြီးမြင့်စိုး။ ။ မှန်တာပေါ့။
ကြည်စိုးထွန်း။ ။ တစ်ယောက်နဲ့တစ်ယောက်က ခက်တင်မောင်းနင်း
ပေါ့။ တစ်ယောက်နဲ့တစ်ယောက် မောင်းနင်းလေး တွေကလည်းရှိသေးတာ အိုက်တင်လေးတွေကလည်းရှိသေးတာ အမူအရာနဲ့ လုပ်ရတာ ဒီနှစ်ယောက်ကို ဖျောက်လို့မရဘူး။ ဖျောက်လို့မရတဲ့ အရုပ်ရှိတယ်၊ ဖျောက်လို့ရတဲ့အရုပ်ရှိတယ်။ အဲဒီလို ဟုတ်လား အခုဟာကတော့ ဖျောက်ရ မယ့်ကြေးရုပ်ကို မဖျောက်ဘဲနဲ့လုပ်တော့ ပရိသတ်ကကြိုသိလို့ သိပ်ပြီးတော့ ခုနကလို အားရပါးရ။
မင်းသားကြီးမြင့်စိုး။ ။ ဟိုးဒင်းပေါ့ဆရာရယ် ဘဝမှာ လုပ်သင့်တာကို
မလုပ်ဘဲနဲ့ မလုပ်သင့်တာကို လုပ်မိတာ။
ကြည်စိုးထွန်း။ ။ ဒါလေးကတော့ သင်ခန်းစာယူစရာပေါ့။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့။
ကြည်စိုးထွန်း။ ။ ဒါလည်းကောင်းပါတယ်၊ ပေးလိုက်တဲ့ plot လေး
သိပ်ကောင်းတာပဲနော်။ ဟာ မောင်မြင့်စိုးတို့က လည်း သူတို့ချစ်ဖေဖေကို တွေ့ပြီ။ ငါတို့ ကြည်း၊ ရေ၊ လေတပ်မတော်သား တွေကလည်း ငါတို့ရဲ့ချစ်ဖေဖေကို တွေ့ပြီဆိုတာကို ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ပြလိုက်တာကောင်းတယ် plot ကတော့နော်။ ဟုတ်ကဲ့ ဒါပြပုံ ပြနည်း ပြောတာပေါ့နော်။ ကောင်းပါတယ်ဗျာ အဲဒီဟာလေးကတော့ ဒီအတိုင်းပဲ သိမ်းတာပဲလား။ အဲဒီနောက်ကျတော့ ကျွန်တော်စောစောက ပြောသလို မင်းသားကြီးက ဆရာကောင်းတွေနဲ့ တော်တော်တွေ့တယ်။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့ဆရာ။
ကြည်စိုးထွန်း။ ။ နောက်ထပ်တွေ့ရတဲ့ ဆရာက ဦးဉာဏနော်။
မင်းသားကြီးမြင့်စိုး။ ။ ဦးဉာဏ ဟုတ်ပြီ အဲဒါပြောမယ် ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ ပြောပါဦး ‘မာယာကြာခြည်’။
မင်းသားကြီးမြင့်စိုး။ ။ အဲ ‘မာယာကြာခြည်’မှာ ဦးဉာဏက ပထမဆုံးက
မေရီမြင့်နဲ့ ရိုက်တာဆရာ။ မေရီမြင့်နဲ့ ရိုက်တော့ မေရီမြင့်နဲ့ ကျွန်တော်နဲ့ တွဲဖက်သိပ်ညီတယ်။ သုံးကားရှိပြီ မေရီမြင့်နဲ့။
ကြည်စိုးထွန်း။ ။ ချောချောလေးနဲ့ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ မက်မဆုံးလေးနဲ့ ဒီမျက်ခုံးလေးက ကလီကလီ
မာယာကြာခြည်… သီချင်းလေးက မေရီမြင့်နဲ့ မာယာကြာခြည်က ပိုလိုက်တယ်။ သူ့ဇာတ် plot ကတစ်မျိုး။ မေရီမြင့်က အညုနဲ့အနွဲ့နဲ့၊ ရုပ်ရည်နဲ့၊ သူ့ရဲ့ structure နဲ့ပေါ့ဆရာရယ်။ သူ့ရဲ့အလှအပနဲ့ သူကညှို့မှာ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်က သူဌေးသား။ အလှအပနဲ့ ညုတော့မှ
သူဌေးသားကို သူစွဲလမ်းမှာ။
ကြည်စိုးထွန်း။ ။ ပါသွားမှာ။
မင်းသားကြီးမြင့်စိုး။ ။ အဲဒီမှာ ဇာတ်လမ်း နဂိုက မူရင်း။
ကြည်စိုးထွန်း။ ။ ဪ အဓိက သိပ်အရေးကြီးတာပေါ့နော်။
မင်းသားကြီးမြင့်စိုး။ ။ အရေးကြီးတာ သို့သော်လည်း ‘မာယာကြာခြည်’
ရိုက်လို့မှ ကားလေး ပေလေး နည်းနည်းကျတော့မှ မေရီမြင့်က ဆုံးသွားပါလေရော။
ကြည်စိုးထွန်း။ ။ ဪ ငယ်ငယ်လေးနဲ့နော် ၂၇ နှစ်လားမသိဘူး။
မင်းသားကြီးမြင့်စိုး။ ။ အင်း ဟုတ်တယ်။
ကြည်စိုးထွန်း။ ။ အသက်တော်တော်ငယ်တာပဲ။
မင်းသားကြီးမြင့်စိုး။ ။ မေရီမြင့်ဆုံးသွားတယ်။ မေရီမြင့်ဆုံးသွားတဲ့အတွက်
ဇာတ်လမ်းတွေ အကုန်လုံး ပြောင်းပစ်ရတယ်။
ကြည်စိုးထွန်း။ ။ ဪ အဲဒီလိုဖြစ်သွားတယ်။
မင်းသားကြီးမြင့်စိုး။ ။ ကြည်ကြည်ဌေးနဲ့ ပြောင်းရိုက်တယ်။
ကြည်စိုးထွန်း။ ။ ဪ ကြည်ကြည်ဌေးကတော့ အဲဒီလို ဟိုဒင်းကျ
တော့ မေရီမြင့်လောက်တော့ attractive မရှိဘူး သို့သော် အနုပညာမှာ စွယ်စုံရထားတယ်။
ကြည်စိုးထွန်း။ ။ မှန်ပါတယ် ဒါတော့မှန်ပါတယ်။
မင်းသားကြီးမြင့်စိုး။ ။ ဆိုတော့ ကြည်ကြည်ဌေးကို ဒါရိုက်တာက သိတယ်
ဆရာတို့လိုပေါ့ ဆရာရယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဒါရိုက်တာက ကျွန်တော့်ဆရာပြောဖူးတယ်
ဒါရိုက်တာလုပ်တဲ့သူက Actor ရဲ့ အရည်အချင်းကို သိရမယ်ကွတဲ့။
ကြည်စိုးထွန်း။ ။ သိရမှာပေါ့ သိရမှာပေါ့။
မင်းသားကြီးမြင့်စိုး။ ။ သိတော့မှ အရည်အချင်းကို ဖော်ထုတ်တတ်ရမယ်တဲ့။
ကြည်စိုးထွန်း။ ။ ဒါပေါ့ ဒါပေါ့။
မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော့်ဆရာတွေက ပြောဖူးတယ်၊ ကျွန်တော်အဲဒီ
မှာ ပညာရတာပေါ့။ ဒါရိုက်တာ ဦးဉာဏက ဟုတ်ပြီတဲ့ ခုနကဆရာပြောတဲ့ ပဒေသာဖလင်း ဦးထွန်းလင်းကို ဇာတ်လမ်းတွေပြောင်းမယ်။ အလှအပ အကအနေနဲ့ ပဒေသာတွေပြောင်းမယ်။
ကြည်စိုးထွန်း။ ။ ဪ သူကျွမ်းတဲ့ဟာကို သူကလှည့်ပြီး ထည့်ပေးတာ
ပေါ့။
မင်းသားကြီးမြင့်စိုး။ ။ ကြည်ကြည်ဌေးကို ကချေသည်မ လုပ်လိုက်တယ်
ကချေသည်မ စက်သီးပြတ်ကျမယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဇာတ်လမ်းအရပေါ့နော် ကျွန်တော်က သူဌေးသားဆို
တော့ အဲဒီမှာကြည်ကြည်ဌေးနဲ့ ပြောင်းရိုက်တယ်။
ကြည်စိုးထွန်း။ ။ ဪ။
မင်းသားကြီးမြင့်စိုး။ ။ အဲဒီ ‘မာယာကြာခြည်’ မှာ ပြောင်းရိုက်တဲ့အတွက်
‘မာယာကြာခြည်’ က ဆေးရောင်စုံတစ်ပိုင်းလည်း ပါတယ် ဆရာရဲ့။
ကြည်စိုးထွန်း။ ။ ပါသေးတာလား။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်။ အဲဒီမှာ ကြည်ကြည်ဌေးက သူကစက်သီး
ပေါ်က ပြုတ်ကျပြီးတော့ နောက်ဆုံးကျတော့ ဘုရားမှာဆုံးတာ။ ဘုရားမှာသွားဆုံးတော့ ။ သူ့ ဒီအနုပညာကရထားတဲ့ငွေလေးနဲ့ သူက စုဆောင်းပြီးတော့ ဘုရားလေးတည်တယ်။ ကျွန်တော်တို့ ဒါပညာ လည်းရတာပေါ့ ဆရာရယ်၊ အနုပညာရှင်တွေက ကိုယ်ရတဲ့အခိုက်မှာ ကုသိုလ် ကောင်းမှုကို လုပ်စရာရှိတာ လုပ်ပေါ့ဆရာရယ်။ လုပ်စရာရှိလို့မှ မလုပ်ရင် အချိန်ကျတော့မှ လွန်သွားတော့မှ မလုပ်နိုင်တော့ဘူးပေါ့။
ကြည်စိုးထွန်း။ ။ မှန်တာပေါ့။
မင်းသားကြီးမြင့်စိုး။ ။ ကြည်ကြည်ဌေးက သူကလို့ရတဲ့ ပိုက်ဆံလေးနဲ့
စုဆောင်းပြီးတော့ ဘုရားတစ်ဆူတည်ပြီး ကုသိုလ် ကောင်းမှုလုပ်တဲ့အတွက် သူဆေးရုံကဆင်းပြီး မျက်နှာပျက်သွားတာကိုး ဆရာရယ်။
ကြည်စိုးထွန်း။ ။ ဪ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ စက်သီးပေါ်က ကျတဲ့အတွက် မျက်နှာရုပ်ပျက်သွား
တယ်။
ကြည်စိုးထွန်း။ ။ ဒဏ်ရာ ဒဏ်ရာ။
မင်းသားကြီးမြင့်စိုး။ ။ သူ့ချစ်သူ ကျွန်တော်။ မြင့်စိုးကို မမြင်ချင်တော့ဘူး။
မတန်တော့ဘူးပေါ့ဆရာရယ်။ မတန်တော့ တစ်ခါ တည်း သူဆေးရုံကဆင်းတာနဲ့ သူတည်ခဲ့တဲ့ ဘုရားစေတီလေးကိုသွားတယ်။ အဲဒီစေတီမှာ သူကသွားပြီးတော့ သေသွားတယ်။ ကျွန်တော်က ဆေးရုံကိုလိုက် တယ် ဆေးရုံမှာ မမီဘူး။ သွားလိုက်ပြန်လိုက်နဲ့ ကျွန်တော်လည်း အရူးတစ်ပိုင်း ဖြစ်သွားတာပေါ့ ဆရာရယ်။ နောက်ဆုံးကျတော့ ကျွန်တော်က ကြည်ကြည်ဌေးကို ပြန်စဉ်းစားတယ်ပေါ့။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ကြည်ကြည်ဌေးသည် အနုပညာအောင်မြင်တဲ့အခါ
တုန်းက အများကြီး အလှူတွေ လုပ်ခဲ့တယ်။ ဒါန၊ သီလ၊ ဘာဝနာတွေ ဆောက်တည်ခဲ့တယ်။ လုပ်ခဲ့တဲ့အတွက် သူ့ရဲ့ကုသိုလ် ကောင်းမှုကြောင့် တစ်ခုခုတော့ အဲ နတ်ပြည်နတ်ရွာတော့ ရောက်နေလောက် ပြီ။ ကျွန်တော်စဉ်းစားလိုက်တာ နတ်ပြည်ကို ပြလိုက်တယ်။ နတ်ပြည်မှာ ကြည်ကြည်ဌေးက မင်းသမီး နတ်သမီး သွားဖြစ်နေတဲ့ပုံ။
ကြည်စိုးထွန်း။ ။ ဪ ကာလာနဲ့လား။
မင်းသားကြီးမြင့်စိုး။ ။ အင်း ဇာတ်လမ်းထဲ ကာလာနဲ့။
ကြည်စိုးထွန်း။ ။ ဪ ဆေးရောင်စုံ ကျွန်တော်ဒီနေရာ ဖြတ်ပြော
ရရင်တော့ မင်းသားကြီးရေ ဒီပဒေသာဖလင်းက နေပြီးတော့ ဦးထွန်းလင်းတို့ကလည်း ဘာကျန်နေလဲဆိုတော့ ခုနက ကျွန်တော်ပြောတဲ့ ‘နန်းတွင်းအရေးတော်ပုံ’..။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်။
ကြည်စိုးထွန်း။ ။ သူက ဆေးရောင်စုံလေ။ ဒီအတွက် ကျွန်တော်
ထင်တယ် ဒီဇာတ်လမ်းကလည်း အံဝင်တော့။
မင်းသားကြီးမြင့်စိုး။ ။ အစပေါ့။
ကြည်စိုးထွန်း။ ။ အင်း ဒီမှာစမ်းတာပေါ့။
မင်းသားကြီးမြင့်စိုး။ ။ အဲဒီမှာ သူကဂျပန်မှာ သွားဆေးရတာ။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ အဲဒီမှာ စောမူကကျွန်တော့်ကို သူက မိဘပေးစား
တဲ့ မင်းသမီးပေါ့လေ။
ကြည်စိုးထွန်း။ ။ ဪ စောမူကလည်း ပါသေးတယ်နော်။
မင်းသားကြီးမြင့်စိုး။ ။ စောမူလည်းပါတယ်။ ဟုတ်ကဲ့စောမူက ပြုစုပေး
တဲ့ပုံလေးနဲ့ ကျွန်တော်က ပြန်စဉ်းစားလိုက်တော့ အဲဒီကြည်ကြည်ဌေး နတ်ပြည်ရောက်နေတဲ့ အခန်းလေးနဲ့ ဇာတ်သိမ်းတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ဆေးရောင်စုံပေါ့ ဆရာရယ် အဲဒီကားက ပိုက်ဆံ
အတော်ရတယ်။
ကြည်စိုးထွန်း။ ။ ဪ သိပ်လှမှာနော်။
မင်းသားကြီးမြင့်စိုး။ ။ ဒီ 2nd တန်း၊ 3rd တန်း၊ 4th တန်းဟာ ရုံတိုင်း
ရုံတိုင်းမှာ။
ကြည်စိုးထွန်း။ ။ စောမူလေးကလည်း ချစ်စရာလေးနော်။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ်ဆရာ ပြောပြဦးမယ်ဆရာ တစ်လော
တုန်းက ကျွန်တော် မအူပင်နယ်ဘက်မှာ ရွာတွေ မှာ ဟောပြောပွဲသွားတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ သွားတော့ အဲဒီကပုဂ္ဂိုလ်တွေက ‘မာယာကြာခြည်’
ထဲက မြင့်စိုးဟုတ်လား ဟုတ်ပါတယ်ဆိုတော့ ဟိုတုန်းက ကျွန်တော်က စတိုင်ကျကျနဲ့ ဂျာကင်ကြီးတွေ လှလှပပ ဝတ်တာပေါ့၊ ကျားခေါင်းတွေ ဘာတွေနဲ့ ဝတ်တာပေါ့။ ဝတ်တော့ အဲဒီ ‘မာယာ ကြာခြည်’ ထဲက ဇာတ်လမ်းလေး အဖြစ်အပျက်လေး ပြောပါဦးတဲ့။
ကြည်စိုးထွန်း။ ။ ဪ
မင်းသားကြီးမြင့်စိုး။ ။ အဲဒီမှာ အဘိုးကြီးတစ်ယောက်ကနေပြီးတော့
ပုတီးစိပ်တယ် ဆရာရယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ပုတီးတစ်လုံးဒေါက်ခနဲကျ အပျိုမြင်ရင် ငေါက်ခ
နဲဆိုတော့ အဲဒီဥစ္စာလေး ပြောပါဦးပေါ့ သူတို့က။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ ကျွန်တော်ပြောချင်တာက တခြားတွေ။ သူတို့က
တော့ ရုပ်ရှင်ရိုက်တဲ့ အတွေ့အကြုံလေးတွေကို ပြန်ပြောစေချင်တယ်။ အဲဒီ ‘မာယာကြာခြည်’ ကို မမေ့ကြဘူး သူတို့။
ကြည်စိုးထွန်း။ ။ အဲဒါပြီးတဲ့နောက်ကျတော့ ‘မေသရဖူ’။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်ကဲ့။
ကြည်စိုးထွန်း။ ။ ဟုတ်လား ‘မေသရဖူ’ လား။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ် အဲဒီမှာ ပဒေသာဖလင်းက သဘောကျ
ပြီးတော့ ကျွန်တော်ဆက်တိုက်ကားတွေ ရိုက်သွား တယ်။ ‘မေသရဖူ’ မှာတော့ မေရီမြကို ဦးတည်ပြီးတော့ ‘မေသရဖူ’ အမျိုးသမီး စွမ်းဆောင်နိုင်တယ်ဆိုတဲ့အကြောင်းပေါ့ ဆရာရယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။
မင်းသားကြီးမြင့်စိုး။ ။ အမျိုးသမီးက တစ်ခါတည်း။
ကြည်စိုးထွန်း။ ။ ဦးဉာဏက အဲဒီ idea တွေ သိပ်ကောင်းတယ်။
မင်းသားကြီးမြင့်စိုး။ ။ လောကကြီးမှာ အမျိုးသမီးက စွမ်းဆောင်နိုင်
တာတွေ ရှိပါတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်တယ်။
မင်းသားကြီးမြင့်စိုး။ ။ သူက သူ့ရဲ့ဇနီး မေရီမြကို တင်ပြီးရိုက်တယ်။
ကြည်စိုးထွန်း။ ။ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်မှုကို ဦးစားပေး
ပြီးတော့ ရိုက်တဲ့ ဦးဉာဏရဲ့ idea တွေပေါ့နော်။
မင်းသားကြီးမြင့်စိုး။ ။ ဦးဉာဏ သိပ်ကောင်းတာပဲ။
ကြည်စိုးထွန်း။ ။ ဟာ သိပ်ကောင်းတာ တကယ့်ကို ဘယ်လိုခေါ်မလဲ
ခေတ်မီနေတာပဲ။ ဒီနေ့အထိ ခေတ်မီတယ် ဦးဉာဏရဲ့…
မင်းသားကြီးမြင့်စိုး။ ။ ဟာ သိပ်မီတယ် အတွေးအခေါ်သိပ်ကောင်းတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အဲဒီအထဲမှာ ဂျင်းဖောမယ်တို့၊ ယုဝတီ၊
ဂျင်းဖောမယ်တို့၊ မေနန်းနွယ်တို့ ပါသေးတယ်နော်။
မင်းသားကြီးမြင့်စိုး။ ။ မေနန်းနွယ်ပါတယ်။
ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ မင်းသမီးအသစ်တွေပေါ့။
မင်းသားကြီးမြင့်စိုး။ ။ ဟုတ်တယ် အဲဒီ ‘မေသရဖူ’ ရိုက်ပြီးတော့ အတွေ့
အကြုံ ဆရာ့ကို သတိရတုန်း ပြောပြဦးမယ်။ ‘မှောင်ထဲကမေ’ ဆိုတာ ရိုက်တယ်။
(ဆက်လက်ဖော်ပြပါမည်)