မြန်မာယူနီကုဒ်စံစနစ်နှင့် ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပမည်

နေပြည်တော်  ၁၆   စက်တင်ဘာ

မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူများက မြန်မာယူနီကုဒ် စံစနစ်နှင့် ပတ်သက်၍ ဗဟုသုတမျှဝေခြင်းကို စက်တင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်  ခရေပင်လမ်းခွဲရှိ ကြေးမုံသတင်းစာတိုက် ဖိုးဝဇီရခန်းမ၌ ပြုလုပ်မည်ဖြစ်ရာ စိတ်ပါ ဝင်စားသူများ တက်ရောက်နိုင်ကြောင်းနှင့် သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)