မွန်ပြည်နယ်၊ လမိုင်းမြို့ ကုလားကုတ်ကျွန်း၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ငါးလှန်းစင်နှင့်တွဲ၍ ဆောက်လုပ်ထားသည့် တဲအိမ်များ ပြိုကျပျက်စီး

လမိုင်း  ၂၀   စက်တင်ဘာ  

 

မွန်ပြည်နယ်၊ လမိုင်းမြို့ ကုလားကုတ်ကျွန်း၌ ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ငါးလှန်းစင်နှင့်တွဲ၍ ဆောက်လုပ်ထားသည့် တဲအိမ်များ ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကုလားကုတ် ကျေးရွာအုပ်စု၊ အောက်ဆိပ်ကျေးရွာတွင် ဝါးဖြင့်ပြုလုပ်ထားသော ငါးလှန်းစင်နှင့် တွဲ၍ဆောက်လုပ်ထားသည့် ဓနိမိုး၊ ဝါးထရံကာတဲအိမ် (၂၃)လုံးနှင့် ပသျှူးချောင်းကျေးရွာတွင် ဝါးဖြင့်ပြုလုပ်ထားသော ငါးလှမ်းစင်နှင့်တွဲ၍ ဆောက်လုပ်ထားသည့် ဓနိမိုး၊ ဝါးထရံကာ တဲအိမ်(၅)လုံး စုစုပေါင်း တဲအိမ် (၂၈)လုံး ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။

 

လမိုင်း (ပြန်/ဆက်)