မန္တလေး ဧရာဝတီမြစ်အတွင်း မင်းကွန်း - မန္တလေးကူးတို့ရေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကာ လူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိ

မန္တလေး  ၁၈   ဇန်နဝါရီ 

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ မရမ်းခြံဆိပ်ကမ်း ဧရာဝတီမြစ်အတွင်းတွင် ဇန်နဝါရီ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်ခန့်က မင်းကွန်း - မန္တလေးကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၄ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။


မီးလောင်မှုကြောင့် အလျား ပေ ၆၀၊ အနံ ၁၅ ပေ၊ စောက်က ၄ ပေ ကူးတို့ရေယာဉ်တစ်စီး တစ်စီး၊ လှောင်အိမ်ထဲ (ဝမ်းထဲ)တွင် ဒီဇယ်ပေပါ ၇ လုံး၊ ဒီဇယ်ပေပါ ၈ လုံး (ဂါလန် ၄၀ဝ)၊ ရေခဲသေတ္တာ၊ တီဗီ၊ အဲယားကွန်း ဆုံးရှုံးခဲ့ပြီး  မီးလောင်စဉ် ရေယာဉ်အနီး ရေချိုးနေကြသော အမျိုးသား ၃ ယောက် အမျိုးသမီး ၁ ယောက် စုစုပေါင်း ၄ ယောက် မီးအဟပ်ခံရ၍ ထိခိုက်ဒဏ်ရာရမှုကြောင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

 

‌ေ

 

အဆိုပါ မီးလောင်မှုသည် ညနေ ၄ နာရီ ၅ မိနစ်တွင် စတင်လောင်ကျွမ်းပြီး ညနေ ၄ နာရီ ၅၅ မိနစ်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် Level 2 အဆင့်ရှိပြီး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးသတ်ယာဉ် အစီး ၃၀ ၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ အထောက်ကူပြုယာဉ် ၅ စီး၊ သန္ဓေ ၇၅ ဦး၊ အရန် ၁၈၀ ဦးဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

တင်ဇာလှိုင်