မန္တလေးဘူတာကြီးတွင် COVID-19 ရောဂါ ကာကွယ်နိုင်ရေး ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်

မန္တလေး  ၂၉  မတ်

 

မန္တလေးဘူတာကြီးတွင် ယနေ့ ညနေ ၄ နာရီက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရာ၌ အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ အများပြည်သူအသုံးပြုသည့် အဓိကနေရာများတွင် ပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

 

61

 

ထိုသို့ ပိုးသတ်ဆေးပက်ဖျန်းရာတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်မှ တပ်မတော်သားများက မန္တလေးဘူတာရှိ ရထားလက်မှတ် အရောင်းဌာနများ၊ စက်လှေကားများ၊ လက်ရမ်းများ ရထားစင်္ကြ ပလက်ဖောင်းများ၊ ခရီးသည်နားနေ ထိုင်ခုံနေရာများ၊ စက်ဘီး၊ ဆိုင်ကယ်၊ ကားများရပ်နားသည့် နေရာများ၊ ဘူတာကြီးအတွင်းအပြင်နေရာများ၊ ဈေးဆိုင်ခန်းများ၊ အများသုံးအိမ်သာများနှင့် သန့်စင်ခန်းများတွင် ပိုးသတ်ဆေးပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တင်မောင်(မန်းကိုယ်ပွား)