မန္တလေးမြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်း သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီယာဉ်များ မဝင်ရ ကန့်သတ်နယ်မြေများ သတ်မှတ်

မန္တလေး ၂ ဇန်နဝါရီ

 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မြို့တွင်းဧရိယာ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး၊ ယာဉ်ကြောကျပ်တည်းမှု မရှိစေရေးအတွက် မန္တလေးမြို့စည်ပင် သာယာနယ်နိမိတ်အတွင်း သုံးဘီး ဆိုင်ကယ်၊ ထော်လာဂျီယာဉ်များ မဝင်ရ ကန့်သတ်နယ်မြေများ ထုတ်ပြန်ခဲ့သည်။

 

မန္တလေးမြို့မြောက်ဘက် ၈၄ လမ်းနှင့် ၁၂ လမ်းဆုံမှ အရှေ့ဘက် ၁၂ လမ်းအတိုင်း ၁၂ လမ်းနှင့် ၆၂ လမ်းဆုံအထိ၊ အရှေ့ဘက် ၁၂ လမ်းနှင့် ၆၂ လမ်းဆုံမှ တောင်ဘက် ၆၂ လမ်းအတိုင်း ၆၂ လမ်းနှင့် သိပ္ပံလမ်းဆုံအထိ၊ တောင်ဘက် ၆၂ လမ်းနှင့် သိပ္ပံလမ်းဆုံမှ အနောက်ဘက်သို့ သိပ္ပံလမ်းအတိုင်း ၇၈ လမ်းနှင့် သိပ္ပံလမ်းဆုံအထိ ၎င်းမှ တောင်ဘက်သို့ ၇၈ လမ်းအတိုင်း ၇၈ လမ်းနှင့် စစ်ကိုင်းလမ်းခွဲ လမ်းဆုံအထိ၊ ၎င်းမှ စစ်ကိုင်းလမ်းအတိုင်း အနောက်ဘက်သို့ ချမ်းမြသာယာခုံးကျော် တံတားမှတစ်ဆင့် ၈၄ လမ်းနှင့် ဘိုအိမ်လမ်းဆုံအထိ၊ အနောက်ဘက် ၈၄ လမ်းနှင့် ဘိုအိမ်လမ်းဆုံမှ မြောက်ဘက်သို့ ၈၄ လမ်းအတိုင်း ၈၄ လမ်းနှင့် ၁၂ လမ်းဆုံအထိ သုံးဘီးဆိုင်ကယ်နှင့် ထော်လာဂျီယာဉ်များ မဝင်ရ ကန့်သတ်နယ်မြေ သတ်မှတ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အသိပေး ကြေညာထားသည်။

 

မောင်ပြည်သူ(မန္တလေး)