မန္တလေးမြို့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝှူရှူးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မန္တလေး ၁၄  ဇန်နဝါရီ

 

၂၀၁၉-၂၀၂၀ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝူရှူးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဋ္ဌာန ဝန်ကြီးဦးဇာနည်အောင်က အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။

 

ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးမှ စိုးထက်ကိုကိုနှင့် ရခိုင်ပြည်နယ်မှ ကောင်းမြတ်ကျော်တို့ ပွဲဦးထွက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆန်းဆိုပြိုင်ပွဲ၌ အမျိုးသားဝိတ်တန်း ၇တန်း၊ အမျိုးသမီးဝိတ်တန်း၅တန်း၊ ချန်းချွမ်၊ နန်းချွန်၊ ထိုက်ချိချွမ်၊ ဓါးမောက်တုတ်ရှည်၊ နှစ်ဖက်သွားဓါး-လှံရှည်၊ နန်းသောင်း၊ နန်းကွန့်၊ သွေးလျှန့်ခေါ်နှစ်ယောက်တွဲတိုက်ပြိုင်ပွဲအမျိုးအစားတို့တွင် အမျိုးသားအမျိုးသမီးဝိတ်တန်းအလိုက်အားကစားသမားပေါင်း ၁၉၆ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဋ္ဌေးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီများ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွအတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိူင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးခင်ဇော်၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ် အတွင်းရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးဦးထွန်းထွန်းဦးနှင့် ဒိုင်လူကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဋ္ဌာန စီမံကိန်းနှင့် သုတေသနဋ္ဌာနခွဲမှ တာဝန်ရှိသူများပြည်နယ်နှင့် တိုင်းဒေသကြီးဝူရှူးပြိုင်ပွဲဝင် ၁၃ သင်းတို့မှ အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ ဝူရှူးအားကစားမောင်မယ်များ၊ ကျင်းပရေးလုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အားကာသိပ္ပံ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ပညာရေးကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့မှ ဆရာဆရာမများ ကျောင်းသူကျောင်းသားများ ဝူရှူးအားကစားဝါသနာရှင်များ တက်ရောက်ကြကြောင်း သိရသည်။

 

တင်မောင်မန်းကိုယ်ပွား