မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း တစ်သောင်းခုနှစ်ထောင် ကျော်ထုတ်ချေးပေးထား 

မန္တလေး ၅ ဖေဖော်ဝါရီ


မန္တလေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးတောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းသီးနံ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း(၁၇၀ဝ၀) ကျော်ထုတ်ချေးပေးထားကြောင်း တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ 


အဆိုပါ ဆောင်းသီးနံစိုက်ပျိုးစရိတ်ချေးငွေကို ၂၀၁၈ ခုနှစ်အောက်တိုဘာ ၂၆ ရက်မှ စတင်၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကုန်ထိ စိုက်ပျိုးတောင်သူများထံသို့ ထုတ်ချေးပေးခဲ့ပြီး လာမည့်ဇွန်လတွင် ပြန်လည် ပေးဆပ်ရမည် ဖြစ်ကြောင်း သိရသည်။


“မန္တလေးတိုင်းအတွင်းမှာတော့ ချေးငွေ ကြွေးကျန်ရှိတာ နည်းပါတယ်။ များသောအားဖြင့် တောင်သူတွေက နောက်သီးနံချေးငွေယူတဲ့အချိန်ပြန်ဆပ်ကြတယ်။ တိုင်းအတွင်းမှာတော့ သဘာဝဘေးနဲ့ ပတ်သက်လို့ ပျက်စီးမှုမရှိသလောက်ပါ။ သူတို့ စိုက်ပျိုး သီးနှံ အထွက်နုန်းအနည်းအများတော့ ရှိမှာပေါ့။နိုင်ငံတော် ငွေဖြစ်တဲ့အတွက် မဖြစ်မနေပြန်လည်ပေးဆပ်ရမှာဖြစ်တယ် ”ဟု မန္တလေး တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးစုကပြောသည်။


မန္တလေးတိုင်းအတွင်းစိုက်ပျိုးစရိတ်ချေးငွေ ချေးသည့် တောင်သူများအား ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလကျော်လွန် ပါက သတိပေးခြင်းများလုပ်ဆောင်ပြီး အထက်အဆင့်ဆင့်တင်ပြကာ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။


ယခုနှစ်အတွက် ခွင့်ပြုရန်ပုံငွေမှာ ကျပ်သိန်းပေါင်း(၁၇၆ ဝ၀ဝ) ကျော်ရှိပြီး အမှန်တကယ်ထုတ်ချေးနိုင်မှုမှာ ၉၆ ဒသမ၆၁ ရာနုန်းရှိသည်ဟု သိရသည်။


စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးရာမှာ စပါး တစ်ဧက တစ်သိန်းခွဲကျပ် ၊  အခြားသီးနှံ တစ်ဧက  ကျပ်တစ်သိန်းထိ ထုတ်ချေးပေးနေပြီး အတိုးနုန်း ၅%ဖြင့် ရယူပြီး တောင်သူများထံ ၈% ဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။


အိမို့မို့ခိုင်

 

123