မန်ယူကွင်းလယ်ကစားသမား လင်ဂတ်ကို ခေါ်ယူရန် ဝက်စ်ဟမ်းအသင်း ကမ်းလှမ်း

ဝက်စ်ဟမ်းအသင်းဟာ လာမယ့်လအတွင်းမှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အင်္ဂလန်ကွင်းလယ်ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါ တယ်။

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့

အသက် ၂၉ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား လင်ဂတ်ရဲ့ မန်ယူအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ဇူလိုင် ၁ ရက်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့လည်း ဝက်စ်ဟမ်းအသင်းက မျှော်လင့်ထားတာ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား လင်ဂတ်ဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွင်းက ဝက်စ်ဟမ်းအသင်းမှာ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့သူဖြစ်ပြီး ဝက်စ်ဟမ်းအသင်းနဲ့အတူ ပရီမီယာလိဂ်သွင်းဂိုး ၁၆ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ မန်ယူကွင်းလယ်ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့စီစဉ်နေတဲ့အပြင် ပီအက်စ်ဂျီအသင်းမှ ဂိုးသမား အာရီအိုလာကိုလည်း ပြောင်းရွှေ့ ကြေး ပေါင် ၁၀ ဒသမ ၅ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး ရာသီသိမ်းချိန်မှာ ပရီမီယာလိဂ်အမှတ်ပေးဇယားအဆင့် ခုနစ်နေရာမှာ ရပ်တည်နိုင်ခဲ့တာကြောင့် လာမယ့်ဘောလုံးရာသီမှာ ဥရောပကွန်းဖရန့်လိဂ်ဝင်ခွင့်အတွက် play-off ကစားရမှာလည်း ဖြစ်ပါတယ်။

ငွေကြယ်