မုံရွာမြို့တွင် အစားအသောက်နှင့်ဆေးဝါး ဆေးပစ္စည်း/အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လူထုအသိပညာပေး ပြပွဲ နှစ်ရက်ကြာကျင်းပ

မုံရွာ ၂၄ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အစားအသောက်နှင့်ဆေးဝါး ဆေးပစ္စည်း/အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လူထုအသိပညာပေးပြပွဲကို ဇန်နဝါရီ ၂၄ ရက်နေ့နံနက် ၉ နာရီက စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

 

အစားအသောက်နှင့်ဆေးဝါး ဆေးပစ္စည်း/အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လူထုအသိ ပညာပေးပြပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာ အောင်ကျော်ထွေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ခန်းမအတွင်းနှင့်အပြင်ဘက်တို့တွင် ခင်းကျင်းပြသထားသော  ပြခန်းများအားလှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

 

mdn

 

“အစားအသောက်နှင့်ဆေးဝါး ဆေးပစ္စည်း/အလှကုန် တွေကို ပြည်သူတွေအနေနဲ့ သတိပြုသုံးစွဲစေချင်တယ်၊ တရားမဝင်တဲ့နည်းလမ်းနဲ့ ဝင်ရောက်လာပြီး အာမခံချက် မရှိတဲ့အစားအသောက်နှင့် ဆေးဝါး ဆေးပစ္စည်း/အလှကုန်တွေရဲ့ ဆိုးကျိုးတွေကို ပြည်သူတွေကျယ်ပြန့်စွာနဲ့သိရှိပြီး သတိပြုဆင်ခြင်နိုင်ဖို့ ဒီပြပွဲမှာ အသိပညာပေးတာတွေ၊ ဆွေးနွေးပွဲတွေနဲ့ကျင်းပပေးတာဖြစ်ပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ထွန်းလင်းအောင်က ပြောသည်။

 

mdn

 

မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပသည့် အစားအသောက်နှင့် ဆေးဝါး ဆေးပစ္စည်း/အလှကုန်များ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ လူထုအသိပညာပေးပြပွဲကို ဇန်နဝါရီ ၂၄  ရက်နေ့မှ ၂၅ ရက်နေ့ အထိ (၂)ရက်ကြာခင်းကျင်းပြသလျက်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

 

mdn