မူဆယ်မြို့နယ်၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၆ ဦးနှင့် ခေါ်ဆောင်လာသူ မြန်မာနိုင်ငံသား ၂ ဦးတို့အား ဖမ်းဆီးရမိ

နေပြည်တော်  ၂၃  မေ

 

ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ နမ့်ခွမ်ကျေးရွာ၊ မူဆယ်-မန္တလေး ကားလမ်း မြို့ဝင်တိုးဂိတ်အနီး၌ တရုတ်နိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ မေ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် မူဆယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ တေရန်မြို့နေ လုံချောင်း(၂၃)နှစ်ပါ တရုတ်နိုင်ငံသား ၆ ဦးနှင့် မူဆယ်မြို့နေ ချိန်စူရှန့်(ခ)အောင်အောင် (၃၁)နှစ်ပါ မြန်မာနိုင်ငံသား ၂ ဦးတို့အား တွေ့ရှိ၍ စစ်မေးရာ လုံချောင်းပါ ၆ ဦးသည် တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့မှ မူဆယ်မြို့နယ် လွယ်အင်ကျေးရွာသို့ တရားမဝင် ခိုးပေါက်မှတစ်ဆင့် ဝင်ရောက်ခဲ့ပြီး မူဆယ်မြို့၌ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ချိန်စူရှန့် (ခ) အောင်အောင်ပါ ၂ ဦးတို့က ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် ၎င်းတို့အား လဝကအက်ဖြင့် အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(ရဲပြန်ကြား)