မြဝတီ၊ မြိတ်၊ အင်းစိန်နှင့် တောင်ကြီးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၆  ဇူလိုင် 

မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းတွင် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်း သန်းဇော်လွင် မောင်းနှင်လာသည့် NISSAN မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၇၉၇ ပြား၊ မြန်မာငွေကျပ် ၁၉၂,ဝ၀ဝ ၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အာရှလမ်း၊ စက်သုံးဆီဆိုင်အနီးတွင် စောခွားပု(ခ)စောပု မောင်းနှင်ပြီး ဖိုးထူးလိုက်ပါလာသည့် NISSAN အမျိုးအစားမော်တော်ယာဉ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၂၁၇၃ ပြား၊ မြန်မာငွေကျပ်၁၇၅၀ဝ၀ ၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ မြိတ်လေဆိပ်အနီး ပန်းခြံဘေးကားလမ်းတွင် မျိုးထက်ကျော် (ခ)ဝိုင်းငယ် မောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀ဝ၀၊ လက်ကိုင်ဖုန်းတစ်လုံး တို့ကိုလည်းကောင်း၊ ထို့အတူ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရေမြစ်ကြီးကျေးရွာအနီးတွင် ခန့်ဇော်အောင် မောင်းနှင်လာ သည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ကျောက်ဖျာကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာ၊ ရွာအတွင်းလမ်းမ တွင် ထွန်းထွန်းအောင်(ခ) ထွန်းထွန်း(ခ)သားကြီးအား လက်ကိုင်ဖုန်းတစ်လုံးလည်းကောင်း၊ ထို့အတူ ထိုနေ့ နံနက်ပိုင်းတွင် မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ အင်းစိန်မြို့နယ်၊ ကမ်းနား(အနောက်)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းရှိ မမွှေးမွှေး(ခ) မွှေးမွှေးကြည်၏ ကွမ်းယာဆိုင်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၁၀ဝ၊ အိုက်စ် သုည ဒသမ ဝ၀၃ ကီလို၊ မြန်မာငွေကျပ် ၅၀ဝ၀ဝ၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ အလားတူယင်းနေ့ ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာအနီး၊ တောင်ကြီး-မိုင်းပျဉ်း ကားလမ်းတွင် ဝေလင်းထိုက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၀ဝ၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  ရဲပြန်ကြားမှ သိရသည်။

(သတင်းစဉ်)