မြဝတီမြို့ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၇ ဦး  ဆက်လက်ဝင်ရောက်

မြဝတီ ၁၉ စက်တင်ဘာ

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၇ ဦးသည် မြဝတီမြို့ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေး    တံတားမှတစ်ဆင့် ယနေ့ စက်တင်ဘာ ၁၉ ရက်တွင် ဆက်လက်ဝင်ရောက်လာကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများအား ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုပြီး ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို          ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်မှ ၃၁ ရက်အထိ ၁၁၆၈၀၊ ဇွန် ၁ ရက်မှ ၃၀ ရက်အထိ ၂၅၃၃၈ ဦး၊ ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ ၁၈၅၉၇ ဦး၊ သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ၁၅၉၉၈ ဦး၊ စက်တင်ဘာ ၁ ရက်မှ ၁၉ ရက်အထိ ၇၀၄၃ ဦး စုစုပေါင်း ၇၈၂၂၄ ဦးတို့   ပြန်လည်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။

ယနေ့ ပြန်လည်ဝင်ရောက်သူများမှာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ အမျိုးသား ၁၁၂ ဦး၊ အမျိုးသမီး ၅၅ ဦး စုစုပေါင်း ၁၆၇ ဦးဖြစ်ပြီး သက်ဆိုင်ရာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများသို့   ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။    

ထိန်လင်းအောင်(ပြန်/ဆက်)