မြဝတီမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ

မြဝတီ ၁၃ နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ဈေးရောင်းပွဲတော် ဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းက စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

 

စာအုပ်ဈေးရောင်းပွဲတော်ကို စိတ်ကူးချိုချိုစာပေတိုက်မှ စာအုပ်များအား တိုက်ထုတ်ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်း လျှော့ချရောင်းချပေးသွားမည် ဖြစ်သည်။

 

အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်ကို မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိတ်ကူးချိုချို စာပေတိုက်တို့ ပူးပေါင်းကျင်းပပြီး ယနေ့ နိုဝင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ နေ့စဉ် နံနက် နာရီမှ နာရီအထိ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)