မြဝတီတံတားအမှတ်(၂)မှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၁၄၂ ဦး ဆက်လက်ဝင်ရောက်

မြဝတီ  ၆  ဇူလိုင်

 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၁၄၂ ဦး မြဝတီအမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ယနေ့ ဆက်လက်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

 

ပြန်လည်ဝင်ရောက်လာသူများအား ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ပြီး  ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှ  တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပြန်လည်  ဝင်ရောက်လာသူများအနေဖြင့်  မေ ၁ ရက်မှ ဇူလိုင် ၆ ရက်(ယနေ့)အထိ စုစုပေါင်း ၄၂၂၃၀  ပြန်လည် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ယနေ့  ပြန်လည်ဝင်ရောက်သူများမှာ တိုင်းဒေသကြီး၊  ပြည်နယ်အသီးသီးမှ အမျိုးသား ၆၉၀ ၊ အမျိုးသမီး ၄၅၂ ဦး စုစုပေါင်း ၁၁၄၂ ဦး ဖြစ်ကြောင်း သိရသည်။ 

 

ထိန်လင်းအောင်(ပြန်/ဆက်)