နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ရေကူရေတင် ပိုက်လိုင်းသွယ်တန်းခြင်းနှင့် ရေပေးဝေရေးစက်ရုံများသို့ ကြည့်ရှုစစ်ဆေး

နေပြည်တော်  စက်တင်ဘာ ၁၆

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်သည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ဒက္ခိဏသီရိမြို့နယ်ရှိ ဆင်အုံကန်မှ ရန်အောင်မြင်သဲရေစစ်ကန်သို့ ရေကူရေတင် (၁၂)လက်မ HDPE (OD 355mm)  အရှည်(၂၉၀၀၀)ပေရှိ ပိုက်လိုင်း (၂)လိုင်း သွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ဆင်အုံကန် ပြန်လည်ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ဆည်အတွင်းရေဝင်ရောက်မှုနှင့် ရေပေးဝေနိုင်မည့် အခြေအနေ များကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

ဆက်လက်၍  ဇမ္ဗူသီရိမြို့နယ်အတွင်း ရေပေးဝေဖြန့်ဖြူးလျက်ရှိသည့် နန်းဦးရေပေးဝေရေး စက်ရုံသို့ သွားရောက်ကာ သောက်သုံးရေပေးဝေရာတွင် ပိုးမွှားများ ပေါက်ပွားမှုမရှိစေရေး သတ်မှတ်စံနှုန်းများအတိုင်း CHLORINE DOSING PUMP ဖြင့် ကလိုရင်းဆေးခတ် ဆောင်ရွက်နေမှုနှင့် ရေပေးဝေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်