နေပြည်တော်မှ ပြည်သူများသို့ တိုက်တွန်းအကြံပြုချက်များ

၁။ နေပြည်တော်အတွင်းသို့ တရားမဝင်သည့် နည်းလမ်းဖြင့် မဝင်ရောက်ကြရန် လိုအပ်ပါသည်။ တခြားဒေသများမှ ပြန်လာလျှင်လည်း အသိပေးပြီး စစ်ဆေးခံကြရန် လိုအပ်ပါသည်။ ကိုဗစ်ရောဂါ စမ်းသပ်စစ်ဆေးခကို များစွာလျှော့ချထားပါသည်။

၂။ ရန်ကုန် - မန္တလေး အမြန်လမ်းနှင့် လမ်းဟောင်း တချို့နေရာများတွင် ကားပေါ်မှဆင်းပြီး ဆိုင်ကယ်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းမှတစ်ဆင့် နေပြည်တော်သို့ ဝင်ရောက်ခြင်းများရှိသည်ကို ကြားသိနေရသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ညှိနှိုင်းပြီး ကြပ်ကြပ်မတ်မတ်ထိန်းချုပ်နေသည်။

၃။ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများကို မိမိရပ်ကွက်ကျေးရွာသို့ ဝင်ရောက် လာသူများ၊ ပြန်လာသူများရှိပါက ချက်ချင်းသတင်းပို့ရန်၊ ကြပ်မတ်ရန်နှင့် Quarantine စင်တာများသို့ ပို့ဆောင်ရန် ညွှန်ကြားထားသည်။

၄။ ကုန်စည်စီးဆင်းမှုအဆင်ပြေစေရန် ဖြတ်သန်းမှုများနှင့် ပတ်သက်၍ အဝင်ဂိတ်များတွင် စလစ်များပေးပြီး အထွက်ဂိတ်ကို တောက်လျှောက်မောင်းနှင်ရန်၊ လမ်းတွင် တခြားနေရာများသို့ မဝင်ရောက်ရန်၊ အထွက်ဂိတ်တွင် စလစ်ပြန်အပ်ရန် ညွှန်ကြားထားပါသည်။

၅။ နေပြည်တော်ရှိမြို့နယ်များ၌ Mask တပ်ဆင်ရေး ၊ကိုဗစ်ပညာပေးလုပ်ငန်းများကို အသံချဲ့စက်ဖြင့် လိုက်လံဆော်ဩခြင်းနှင့် ညမထွက်ရအမိန့် လိုက်နာမှုရှိစေရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စားသောက်ဆိုင် များတွင်လည်း ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။