နွေရာသီဈေးကွက်အတွင်း ဖာမီနိုအား ပေါင် ၇၅ သန်းဖြင့် ဘိုင်ယန်မြူးနစ်အသင်းခေါ်ယူရန် စီစဉ်နေ

၁၁ ဖေဖော်ဝါရီ

ဂျာမန်ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးအသင်းတိုက်စစ်မှူး ရောဘတ်တိုဖာမီနိုအား ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းနဲ့ ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက အခုဘောလုံးရာသီကုန်မှာ အသင်းကို အသစ်ပြန်လည် တည်ဆောက်ဖို့ ရည်ရွယ်ထားပြီး အသင်းရဲ့ ထိပ်တန်းဦးစားပေးခေါ်ယူမယ့် ကစားသမားတွေထဲမှာ တိုက်စစ်မှူး ဖာမီနိုက ထိပ်ဆုံးကနေ ပါဝင်နေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဟန်ဖလစ်က အခုနှစ်နွေရာသီမှာ အသက် ၃၂ နှစ်ပြည့်တော့မယ့် တိုက်စစ်မှူး လီဝန်ဒိုစကီးနဲ့ အတူအသင်းရဲ့ တိုက်စစ်ပိုင်းမှာ အသက် ၂၈ နှစ်အရွယ် ဘရာဇီးကြယ်ပွင့် ဖာမီနိုကို တွဲဖက်ကစားစေဖို့ ဆန္ဒရှိနေတာဖြစ်တဲ့အတွက် နွေရာသီဈေးကွက်အတွင်း ဖာမီနိုကိုခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီးအသင်း တောင်ပံကစားသမား လီရွိုင်းဆာနေးကိုလည်း ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဒါကြောင့်  ပရီမီယာလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူးနဲ့ မန်စီးတီးဆီကနေ အဲဒီကစားသမားနှစ်ဦးစလုံး ခေါ်ယူနိုင်ဖို့ ဘိုင်ယန်မြူးနစ် အသင်းက ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ။

တိုက်စစ်မှူး ဖာမီနိုဟာ လီဗာပူးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဆာဒီယိုမာနေး၊ မိုဟာမက် ဆာလာတို့နဲ့ အတူ အရေးပါတဲ့ သွင်းဂိုးတွေ ရယူပေးနိုင်ခဲ့တာကြောင့် လီဗာပူးအသင်း အတွက်လည်း မရှိမဖြစ် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

ငွေကြယ်