ငဖဲမြို့အထကတွင် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ငဖဲ ၂ ဇန်နဝါရီ

 

မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမတွင် ဇန်နဝါရီလ ၂ ရက် နံနက် ၉ နာရီက ၂၀၁၉ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် "လွတ်လပ်ရေးအမွေထိန်းသိမ်းစို့လေ" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပရာ အထက်တန်းဆင့်စာစီစာကုံး ဝင်ရောက်ယှဉ်ပြိုင်သူ ၁၂ ဦး၊ အလယ်တန်းဆင့်စာစီစာကုံး ဝင်ရောက်ယှဉ်ပြိုင်သူ ၂၃ ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား ကျောင်းသူများအား (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မယု(ငဖဲ)