ငပုတောမြို့နယ်ရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်

ငပုတော   ဇန်နဝါရီ   ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်  လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမ ၃ လပတ်အတွက် အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ဇန်နဝါရီ  ၂၂ ရက် နံနက်ပိုင်းက ရပ်ကွက်ကျေးရွာများရှိ ဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ငပုတောမြို့နယ်ရှိ လူမှုရေးပင်စင် အကျုံးဝင်သည့် အသက် ၈၅ နှစ်နှင့် အထက် ဘိုးဘွားများအား တစ်ဦးလျှင် ငွေကျပ် ၁၀၀၀ဝ နှုန်းဖြင့် သုံးလစာအတွက် ကျပ် ၃၀၀၀ဝ ကို ဘိုးဘွား စုစုပေါင်း ၁၇၉၂ ဦးအတွက် စုစုပေါင်း  ငွေကျပ် ၅၃၇၆၀၀၀ဝ အား  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဒေါ်စိုးမြတ်မွန်နှင့် ဝန်ထမ်းများ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ  မြို့နယ်ဦးစီးမှုး ဒေါ်လှလှဝင်း၊ အမျိုးသမီရေးရာ အသင်းအဖွဲ့ဝင်များနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နုနုအေး(ပြန်/ဆက်)