ငရုတ်ကောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

ငရုတ်ကောင်း  ဇွန် ၂၅ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခိုင်၊ ငရုတ်ကောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့မစျေးအတွင်းရှိ စျေးရောင်း၊စျေးဝယ်သူများ၊စားသောက်ဆိုင်များနှင့် လမ်းသွား၊ လမ်းလာသူများကို လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။ ၎င်းလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ရှောင်ကြဥ်ဖွယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများအကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်းစသည့် အသိပညာပေးကာတွန်းများ ပါဝင်ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)

mdn