ငါးသုတေသနဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရန်ကိစ္စ ဆွေးနွေး

နေပြည်တော် ၂ ဇန်နဝါရီ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် YS Golden Butterfly Co.,Ltd မှ ဥက္ကဋ္ဌ ဦးရောဆတ်နှင့် မိတ်ဖက်ကုမ္ပဏီဖြစ်သော တရုတ်နိုင်ငံ Dalian The Mountain and The Sea Fishery Co.,Ltd မှ တာဝန်ရှိသူများအား ယနေ့ညနေပိုင်းက ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်တွင်းငါးမွေးမြူရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံနိုင်ရေးနှင့် ခိုင်မာသောငါးဈေးကွက် ဖော်ဆောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ငါးသုတေသနဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ ခေတ်မီတိရစ္ဆာန်ထွက် ကုန်ပစ္စည်းများ ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ခေတ်မီမွေးမြူရေးခြံ အသုံးအဆောင်ပစ္စည်း ထုတ်လုပ်ရောင်းချနိုင်ရေး အလားအလာများ၊ အရည်အသွေး ကောင်းမွန်ပြည့်ဝသော ငါး/ပုစွန် ထုတ်လုပ်ခြင်း၊ ငါး/ပုစွန် သားပေါက်များထုတ်လုပ်ခြင်း လုပ်ငန်းဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

(သတင်းစဉ်)