ငါးသယံဇာတ တိုးပွားစေရေးအတွက် ကညင်ဆည်ရေလှောင်တမံအတွင်းသို့ ငါးမျိုးစိုက်ထည့်

အင်္ဂပူ  ၁၀   ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ ကညင်ဆည်ရေလှောင်တမံအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ဇူလိုင် ၁၀ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဗိုလ်ဇင်၊ တိုင်းဒေသကြီး ငါးလုပ်ငန်း‌ဦးစီး ဌာနမှဒုတိုင်းဦးစီးမှူး ဦး‌သော်ထွန်းဦး၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးတင့်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်မော်မော်ဝင်းနှင့် ဝန်ထမ်းများ၊ ခရိုင်ငါးသားဖောက်စခန်းမှ တာဝန်ရှိသူများ၊ ကညင်ဆည်မှ တာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက စုပေါင်းပြီး ကညင်ဆည်ရေလှောင်တမံအတွင်းသို့ ခရိုင်ငါးသား‌ပေါက် စခန်းမှဖြန့်‌ဝေသည့် မျိုးကောင်းမျိုးသန့် ငါးမြစ်ချင်းကောင်ရေ တစ်သိန်းငါးသောင်းအား စိုက်ထည့်ခဲ့သည်။

 

ငါးသယံဇာတများ ပေါများလာစေရန်၊ ဒေသခံပြည်သူများ ရေရှည်စဉ်‌ဆက်မပြတ် စားသုံးနိုင်စေရန်၊ ငါးထုတ်လုပ်မှု တိုးတက်လာစေရန်၊ ငါးမျိုးမပြုန်းတီးစေရန် ရည်ရွယ်၍ ငါးမျိုးများစိုက်ထည့်ပေးခြင်း ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်း ဦးစီးမှူးဦးတင့်လွင်ထံမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)