နိုင်ဂျာနိုင်ငံတွင် စစ်အခြေစိုက်စခန်းတစ်ခု တိုက်ခိုက်ခံရ စစ်သား ၈၉ ဦး သေဆုံး

၁၄ ဇန်နဝါရီ

 

အနောက်အာဖရိက တွင်ရှိသော နိုင်ဂျာနိုင်ငံရှိ စစ်အခြေစိုက်စခန်းတစ်ခု တိုက်ခိုက်ခံရသဖြင့် စစ်သား ၈၉ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

 

မာလီနိုင်ငံနှင့်နယ်စပ်အနီး အခြေစိုက်စခန်းတစ်ခုတွင် ပြီးခဲ့သည့် ကြာသပတေးနေ့က  အစ္စလာမ္မစ် စစ်သွေးကြွများနှင့် စစ်သားများအကြား ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

 

98

 

အစိုးရ ကနဦးသတင်းအရ စစ်သား ၂၅ ဦး သေဆုံးသည်ဟု သိရသော်လည်း တနင်္ဂနွေနေ့က ထုတ်ပြန်ချက်အရ စစ်သား ၈၉ ဦး သေဆုံးကြောင်း သိရသည်။ စစ်သွေးကြွ ၇၇ ဦးသေဆုံးခဲ့သည် ဟု လည်းဆိုသည်။

 

ပြီးခဲ့သည့်လက  အခြားအခြေစိုက်စခန်းတစ်ခု တိုက်ခိုက်ခံရသဖြင့် စစ်သား ၇၀ ဦး သေဆုံးခဲ့သည်။

နိုင်ဂျာနိုင်ငံသည် ဆာဟာရသဲကန္တာရ၏ တောင်ပိုင်း ဆာဟယ်ဒေသရှိ နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။

 

ထိုဒေသတွင် အယ်လ်ကေးဒါး၊ အစ္စလာမ္မစ် စစ်သွေးကြွများနှင့် အခြား အစ္စလာမ္မစ်အုပ်စုများ တိုးပွားလာနေသည်ဟု ဖော်ပြထားသည်။

 

65

 

ပြီးခဲ့သည့်နှစ်က ဆာဟယ်ဒေသတွင်  အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၄၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂက ဆိုသည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို