နိုင်ငံတော်အစိုးရရဲ့ လုံးပမ်းမှုတွေကို ဝိုင်းဝန်းကူညီပေးကြပါ

၂၀  စက်တင်ဘာ

ကျန်းမာရေးဝန်ထမ်းတွေ ကြားထဲမှာရော၊ တခြားဝန်ထမ်းတွေ ကြားထဲမှာရော ရောဂါပြန့်ပွားလာတာ အတိုင်းအတာတစ်ခုထိရှိပါတယ်။ နောက်ပြီးတော့ကျွန်မတို့ရဲ့ စေတနာ့ဝန်ထမ်းတွေဝိုင်းဝန်းကူညီနေတာ ကျွန်မတို့ရဲ့ အားသာချက်တစ်ခုက ဒါပါပဲ။ ကျွန်မတို့ပြည်သူတွေက တကယ်အရေးကြီးပြီဆိုရင် သွေးစည်းကြပါတယ်။ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီကြပါတယ်။ ဒီအကူအညီတွေအတွက်လည်း ကျွန်မတို့ ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ ထပ်လည်းဖိတ်ခေါ်ချင်ပါတယ်။ ကျွန်မတို့ စေတနာ့ဝန်ထမ်းတွေ၊ ပညာရှင်တွေ နိုင်ငံတော်အစိုးရရဲ့ လုံးပမ်းမှုတွေကို ဝိုင်းဝန်းကူညီပေးကြပါ။ အားလုံးက ဝိုင်းဝန်းလုပ်မယ်ဆိုရင် အောင်မြင်မှာပါဆိုတာ ကျွန်မဒီကနေ ပြောချင်ပါတယ်။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာလ ၁၅ ရက်နေ့တွင် နိုင်ငံအတွင်း COVID-19 ရောဂါပြန့်ပွားမှု အခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)