နေပြည်တော် ဇွန် ၂၄
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhuge- tovich Shoigu က မော်စကိုမြို့ရှိ RADISSON Hotel ၌ တည်ခင်းဧည့်ခံသည့် (၉) ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေး ဆိုင်ရာညီလာခံ (Moscow Conference on International Security-2021(MCIS-2021)) အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ ယမန်နေ့ ညပိုင်းတွင် ညီလာခံသို့တက်ရောက်ခဲ့ကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အတူ တက်ရောက်သည်။
ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြား
ဦးစွာ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များအား ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးနှင့် ရုရှားတပ်မတော်မှ အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့ ညီလာခံအခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး ညစာကို အတူတကွ သုံးဆောင်ကြသည်။
ဖျော်ဖြေတင်ဆက်
ညစာသုံးဆောင်နေစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု တေးဂီတအဖွဲ့က ရိုးရာတေးသီချင်းများ၊ ယဉ်ကျေးမှုအကအလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်