နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  ကမ္ဘောဒီးယားသံအမတ်ကြီး မစ္စတာချခ်ဘွန်နာအား လက်ခံတွေ့ဆုံ

articles_advs

နေပြည်တော် ၁၄ ဇန်နဝါရီ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး မစ္စတာချခ်ဘွန်နာအား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

ps1

 

တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား အဆင့်မြင့်ခရီးစဉ်များမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံ သံတမန်အဆက်အသွယ် တည်ထောင်မှု (၆၅)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရေး၊ နှစ်နိုင်ငံအကြားနှင့် ဒေသတွင်း ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ အပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ 

သတင်းစဉ်